ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးကို ဘာကီနာဖာဆို အစိုးရ နှင်ထုတ်
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄
ဘာကီနာဖာဆိုရဲ့စစ်အစိုးရဟာ ဒီဇင်ဘာလ ၂၃ ရက်မှာ ကုလသမဂ္ဂရဲ့အကြီးတန်းအရာတစ်ဦးကို နိုင်ငံအတွင်းကထွက်ခွာဖို့ နှင်ထုတ်လိုက်ကြောင်းသိရပါတယ်။
ကုလသမဂ္ဂရဲ့အကြီးတန်းအရာရှိကို ဘာကြောင့်နှင်ထုတ်သလဲဆိုတဲ့အချက်ကိုဘာကီနာဖာဆိုအစိုးရက ရှင်းလင်းတာမျိုး မရှိကြောင်းသိရပါတယ်။
ဒါပေမယ့် ဘာကီနာဖာဆို သံတမန်အသိုင်းအဝိုင်းက အဆိုပါကုလသမဂ္ဂသံတမန်ဟာ နိုင်ငံလုံခြုံရေးယိုယွင်းနေခြင်းအပေါ် စိုးရိမ်မှုမြင့်တက်တယ်လိုဆိုကာ ကုလသမဂ္ဂဝန်ထမ်းတွေကို ရွှေ့ပြောင်းဖို့စီစဉ်ခဲ့ကြောင်း၊ ၎င်းရဲ့လုပ်ရပ်က နိုင်ငံဂုဏ်သိက္ခကျအောင်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်းပြောပါတယ်။
ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂရဲ့အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဘာဘာရာမန်ဇီကို နိုင်အတွင်းက ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။
ဘာကီနာဖာဆိုနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲအဆင်းရဲဆုံးနိုင်ငံတွေထဲပါဝင်နေပြီး အယ်ကိုင်ဒါ ၊ ISIS အစွန်းရောက်အဖွဲ့များရဲ့အကြမ်းဖက်မှုများကိုရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် လူထောင်ချီသေဆုံးကာ (၂) သန်းနီးပါး လူသားချင်းဆိုင်ရာ စာနာမှုအကူညီများလိုအပ်နေကြောင်းသိရပါတယ်။ အစိုးရရဲ့စွမ်းဆောင်မှု အားနည်းချက်အပေါ် ပြည်သူများက ယုံကြည်မှုများကျဆင်းခဲ့ပြီး ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ဒီနှစ်အတွင်း စစ်အာဏာသိမ်းမှုနှစ်ကြိမ်ဖြစ် ပွားခဲ့ဖူးကြောင်းသိရပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ကုလသမဂ္ဂအကြီးတန်းသံတမန် နှင်ထုတ်ခံရခြင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။ ဘာကီနာဖာဆို အကြီးတန်းသံတမန်များက "နိုင်ငံအတွင်းမှာရှိနေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ မိသားစုတွေကို နိုင်ငံအတွင်းကရွှေ့ပြောင်းစေဖို့ လုပ်ဆောင်တာက နိုင်ငံဂုဏ်သိက္ခာကျစေတယ်။ ဒါဟာ သူ့ရဲ့တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့လုပ်နေတာဖြစ်တယ်။ နိုင်ငံပုံရိပ်ကို ကျဆင်းစေလိုတဲ့အပြင် ရင်းနှီးမြှုပ်နှံ့မှု လာရောက်ဖို့ကိုလည်း အဟန့်တားဖြစ်စေတယ်။ ဒါ့ပြင်၎င်းဟာ ကျွန်တော်တို့နိုင်ငံမှာအလုပ်လုပ်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (၃၃)ခုကိုလည်း ကျွန်တော်တို့နဲ့အလုပ်မလုပ်ဖို့တားမြစ်ထားတယ်"လို့ပြောပါတယ်။
zawgyi version
ကုလသမဂၢအႀကီးတန္းအရာရွိတစ္ဦးကို ဘာကီနာဖာဆို အစိုးရ ႏွင္ထုတ္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၄
ဘာကီနာဖာဆိုရဲ႕စစ္အစိုးရဟာ ဒီဇင္ဘာလ ၂၃ ရက္မွာ ကုလသမဂၢရဲ႕အႀကီးတန္းအရာတစ္ဦးကို ႏိုင္ငံအတြင္းကထြက္ခြာဖို႔ ႏွင္ထုတ္လိုက္ေၾကာင္းသိရပါတယ္။
ကုလသမဂၢရဲ႕အႀကီးတန္းအရာရွိကို ဘာေၾကာင့္ႏွင္ထုတ္သလဲဆိုတဲ့အခ်က္ကိုဘာကီနာဖာဆိုအစိုးရက ရွင္းလင္းတာမ်ိဳး မရွိေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ဘာကီနာဖာဆို သံတမန္အသိုင္းအဝိုင္းက အဆိုပါကုလသမဂၢသံတမန္ဟာ ႏိုင္ငံလုံၿခဳံေရးယိုယြင္းေနျခင္းအေပၚ စိုးရိမ္မႈျမင့္တက္တယ္လိုဆိုကာ ကုလသမဂၢဝန္ထမ္းေတြကို ေ႐ႊ႕ေျပာင္းဖို႔စီစဥ္ခဲ့ေၾကာင္း၊ ၎ရဲ႕လုပ္ရပ္က ႏိုင္ငံဂုဏ္သိကၡက်ေအာင္လုပ္ေဆာင္ျခင္းျဖစ္တဲ့အတြက္ ႏွင္ထုတ္ခံရျခင္းျဖစ္ေၾကာင္းေျပာပါတယ္။
ဘာကီနာဖာဆို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကုလသမဂၢရဲ႕အႀကီးတန္းအရာရွိတစ္ဦးျဖစ္တဲ့ ဘာဘာရာမန္ဇီကို ႏိုင္အတြင္းက ခ်က္ခ်င္းထြက္ခြာဖို႔ အမိန႔္ေပးခဲ့ေၾကာင္းသိရပါတယ္။
ဘာကီနာဖာဆိုႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံမ်ားထဲအဆင္းရဲဆုံးႏိုင္ငံေတြထဲပါဝင္ေနၿပီး အယ္ကိုင္ဒါ ၊ ISIS အစြန္းေရာက္အဖြဲ႕မ်ားရဲ႕အၾကမ္းဖက္မႈမ်ားကိုရင္ဆိုင္ေနရတဲ့ ႏိုင္ငံျဖစ္ၿပီး အၾကမ္းဖက္မႈမ်ားေၾကာင့္ လူေထာင္ခ်ီေသဆုံးကာ (၂) သန္းနီးပါး လူသားခ်င္းဆိုင္ရာ စာနာမႈအကူညီမ်ားလိုအပ္ေနေၾကာင္းသိရပါတယ္။
အစိုးရရဲ႕စြမ္းေဆာင္မႈ အားနည္းခ်က္အေပၚ ျပည္သူမ်ားက ယုံၾကည္မႈမ်ားက်ဆင္းခဲ့ၿပီး ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ရာ ဒီႏွစ္အတြင္း စစ္အာဏာသိမ္းမႈႏွစ္ႀကိမ္ျဖစ္ ပြားခဲ့ဖူးေၾကာင္းသိရပါတယ္။ ကုလသမဂၢအဖြဲ႕ႀကီးကေတာ့ ကုလသမဂၢအႀကီးတန္းသံတမန္ ႏွင္ထုတ္ခံရျခင္းနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေသးေၾကာင္းသိရပါတယ္။
ဘာကီနာဖာဆို အႀကီးတန္းသံတမန္မ်ားက "ႏိုင္ငံအတြင္းမွာရွိေနတဲ့ ကုလသမဂၢဝန္ထမ္းေတြနဲ႔ မိသားစုေတြကို ႏိုင္ငံအတြင္းကေ႐ႊ႕ေျပာင္းေစဖို႔ လုပ္ေဆာင္တာက ႏိုင္ငံဂုဏ္သိကၡာက်ေစတယ္။ ဒါဟာ သူ႔ရဲ႕တစ္ဖက္သတ္ဆုံးျဖတ္ခ်က္နဲ႔လုပ္ေနတာျဖစ္တယ္။ ႏိုင္ငံပုံရိပ္ကို က်ဆင္းေစလိုတဲ့အျပင္ ရင္းႏွီးျမႇဳပ္ႏွံ႔မႈ လာေရာက္ဖို႔ကိုလည္း အဟန႔္တားျဖစ္ေစတယ္။ ဒါ့ျပင္၎ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ ကုလသမဂၢ ေအဂ်င္စီ (၃၃)ခုကိုလည္း ကြၽန္ေတာ္တို႔နဲ႔အလုပ္မလုပ္ဖို႔တားျမစ္ထားတယ္"လို႔ေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက၏ NSPNC က ပြန်လည်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးဟု EAO(၇)ဖွဲ့ အကြောင်းပြန်
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း