ဂါဇာစစ်ပွဲအတွက် အလွန်တန်ဖိုးကြီးတဲ့ဈေးနှုန်းမျိုးပေးဆပ်နေရပေမယ့် စစ်ပွဲကို အနိုင်ရချိန်အထိ ဆက်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၅
ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲဟာ အလွန်တန်ဖိုးကြီးဈေးနှုန်းမျိုးနဲ့ ပေးဆပ်နေရပေမယ့် အခြားရွေးချယ်စရာမရှိတဲ့အတွက် တိုက်ပွဲကို ဆက်လက်တိုက်ခိုက်သွားရမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးစစ်တပ်က ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်အထိ ပါလက်စတိုင်းပိုင်နက်နယ်မြေတွေထဲမှာ အစ္စရေးစစ်သားအနည်းဆုံး (၁၄)ဦးသေဆုံးခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဂါဇာဒေသ တိုက်ပွဲတွေဟာ အလွန်ခက်ခဲတဲ့တိုက်ပွဲတွေဖြစ်ပါတယ်။ ဒီစစ်ပွဲမှာ အစ္စရေးဟာ အလွန်ကြီးမားတဲ့ဈေးနှုန်းမျိုးပေးနေရတယ်။ ဒါပေမဲ့ ရွေးချယ်စရာမရှိပါဘူး။ ဒါကြောင့် စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားရမယ်"လို့ ပြောပါတယ်။
ဂါဇာစစ်ပွဲကို အပြည့်အ၀နိုင်ပွဲရယူနိုင်ချိန်အထိ တိုက်ခိုက်သွားမှာဖြစ် ကြောင်း၊ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တွေကို သုတ်သင်ရေး၊ ဖမ်းဆီးခံထားရသူတွေ အားလုံးပြန်လွတ်မြောက်ရေး ရည်မှန်းချက်တွေကို ရရှိအောင်လုပ် ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ထပ်မံပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "စစ်ပွဲက အချိန်ကြာရှည်မှာဖြစ်တယ်။ ဟားမက်စ်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်ချိန်အထိဆိုရင် စစ်ပွဲကအချိန်ကြာဖွယ်ရှိပါတယ်။ ဂါဇာဒေသ မြောက်ပိုင်း နဲ့ တောင်ပိုင်း နှစ်ခုစလုံးကို လုံခြုံရေးအပြည့်အ၀ ပြန်လည်ရရှိအောင်လုပ်ဆောင်မယ့် အစီအစဉ်တွေလည်းရှိနေပါတယ်"လို့ ပြောပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်သားအနည်းဆုံး (၁၅၃)ဦးသေဆုံးထားကြောင်းသိရပါတယ်။ဒီဇင်ဘာလ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား (၁၀) ဦးအထိ တစ်ရက်တည်းကျဆုံးခဲ့ပြီး အစ္စရေးစစ်တပ်အတွက်ကြီးမားတဲ့ထိခိုက်ကျဆုံးမှုဖြစ်စေခဲတဲ့နေ့လည်းဖြစ်ခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ