တွံတေးမြို့နယ်၌ နေအိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်မှုကြောင့် သားအမိနှစ်ဦး ဒဏ်ရာရ
စော (NSS) - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၌ နေအိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်မှုကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဒီဇင်ဘာ ၂၁ရက်)၊ ည(၆)နာရီ ၃ဝ မိနစ်အချိန်တွင် တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သော ဇူလိုင်ကိုကို (ခ) ကုလားသည် ငှက်ကြီးတောင်ဓား ကိုင်၍ တစ်ရွာတည်းနေ ဦးမောင်ကြီး၏ နေအိမ်သို့ရောက်ရှိလာပြီး အိမ်ပေါ်သို့တက်ကာ အမျိုးသမီး(၂)ဦးအား ဓားဖြင့်ခုတ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့သို့ ဓားဖြင့်ခုတ်ခံရ၍ ဦးမောင်ကြီး၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းရွှေ(၄၆)နှစ် နှင့် ၎င်းတို့၏ သမီးဖြစ်သူ မနွယ်နီသာ (၂၆)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တွံတေးမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ဇူလိုင်ကိုကို (ခ) ကုလားကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သံဃာတော်များလိုက်လာသည့် ကားတိမ်းမှောက်မှုကြောင့် ရဟန်း၊ကိုရင်(၅)ပါး နှင့် လူ(၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း