ဘရာဇီးလ်နိုင်ငံတွင် လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၂၄
ဘရာဇီးလ်နိုင်ငံ São Paulo ပြည်နယ်ရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ အင်ဂျင်တစ်လုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံးလူ(၅)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ (၂၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
São Paulo ပြည်နယ် မီးသတ်ဌာနက "အင်ဂျင်တစ်လုံးတပ်လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တာပါ။ မီးလောင်ကျွမ်း ထားတဲ့ ကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ စုစုပေါင်းက (၅)ဦးရှိပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း သေဆုံးသူများအားလုံးသည် အရွယ်အစားသေးငယ်ပြီး အင်ဂျင်တစ်လုံးတပ်လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူများ ဟုတ်/မဟုတ် ဆိုသည့်အချက်ကို မီးသတ်သမားများက အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါလေယာဉ်သည် ဒီဇင်ဘာလ(၂၃)ရက်တွင် São Paulo မြို့ ကီလိုမီတာ(၃၄ဝ)အကွာတွင်ရှိသော Jaboticabalmore မြို့ရှိ အိမ်များဖြင့် ဝိုင်းရံထားကာ သစ်ပင်များတန်းစီစိုက်ထားသော ရင်ပြင်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မီဒီယာများ နှင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသော ဓါတ်ပုံများတွင် မိုးရွာနေသည့် အချိန်အတွင်း မီးလောင်ကျွမ်းနေသည့် စက်ပစ္စည်းများကိုတွေ့မြင်ခဲ့ရသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း Amazonas ပြည်နယ် Barcelos မြို့တွင် မုန်တိုင်း တိုက်ခတ်နေစဉ်အချိန်အတွင်း ဆင်းသက်ရန်ကြိုးပမ်းခဲ့သည့် လေယာဉ်တစ်စင်းပျက်ကျခဲ့ကာ လူ(၁၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား၏ နျူကလီးယားဓါတ်ပေါင်းဖိုအသစ် ထပ်မံလည်ပတ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်အစိုးရ ထုတ်ဖော်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း