Wham ရဲ့ 'Last Christmas' သီချင်း ဗြိတိန်ရဲ့ခရစ္စမတ်သီချင်းဇယားမှာ ထိပ်ဆုံးနေရာမှ ရပ်တည်နေ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၄
ဗြိတိန်ရဲ့ခရစ္စမတ်သီချင်းဇယားမှာ လူကြိုက်များတဲ့ တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wham ရဲ့ "Last Christamas" သီချင်းဟာ ရေပန်းအစားဆုံးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။
"Last Christmas" သီချင်းကို Wham အဖွဲ့ (ဂျော့မိုက်ကယ်နဲ့ အန်းဒရူးရစ်ဂ်လေ) တို့က သီဆိုခဲ့တာဖြစ်ပြီး အလွန် အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ "Last Christmas" ဗြိတိန်ရဲ့ခရစ္စမတ်သီချင်းဇယားမှာ ထိပ်ဆုံးမှ ရပ်တည်နေခြင်းအပေါ် ရစ်ဂ်လေက “မစ်ရှင်ပြီးမြောက်သွားသလိုမျိုး ခံစားရတယ်။ မိုက်ကယ်က ဒီသီချင်းကို ဒီလို မှတ်တိုင်ရောက်အောင်ရည်ရွယ်ချက်နဲ့ ရေးခဲ့တာ" လို့ ဂျော့ခ်ျမိုက်ကယ်ကို လွမ်းဆွတ်တမ်းတစွာ ပြောခဲ့ပါတယ်။
Wham အဖွဲ့ဟာ ၁၉၈၁ ခုနှစ်က တေးဂီတ လူငယ် ၂ ဦး၊ တေးရေး ဂျော့ခ်ျမိုက်ကယ်နဲ့ တေးဆို အန်းဒရောရစ်ဂ်လေ တို့ ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ်ပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မိုက်ကယ်ဟာ အသက် ၅၃ နှစ်၊ ၂ဝ၁၆ ခုနှစ်က ခရစ္စမတ်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
Wham ရဲ့အကျော်ကြားဆုံးသီချင်း "Last Christmas" ကို Taylor Swift ၊ Ariana Grande ၊ Jimmy Eat World နဲ့ Backstreet Boys အပါအဝင် အနုပညာရှင်များစွာက cover သီဆိုခဲ့ကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဖျက်သင်္ဘော Laboon က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းလေးစင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ