Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းသို့ F-16 တိုက်လေယာဉ်(၁၈)စင်း ပေးပို့ပေးသွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရ ထုတ်ပြန်ကြေညာ

Pika (NSS) - ဒီဇင်ဘာ ၂၃

ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို လက်တုံ့ပြန်တိုက်ခိုက်နေသော ယူကရိန်းနိုင်ငံကို ကူညီရန်အတွက် F-16 တိုက်လေယာဉ် (၁၈)စင်းကို ပေးပို့ပေးသွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရက ဒီဇင်ဘာလ(၂၂)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။


နယ်သာလန် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မာ့ခ်ရူတီက "ယူကရိန်းကို တိုက်လေယာဉ်(၁၈)စင်းပေးပို့ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ နယ်သာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်အ ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကို ကျွန်တော်ဒီနေ့ပဲအကြောင်းကြားခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေပေးပို့ခြင်းဟာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်တွေရဲ့ အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပို့ကုန်ခွင့်ပြုချက်နှင့် ယူကရိန်းရှိ ဝန်ထမ်းများနှင့် အခြေခံအဆောက် အဦးဆိုင်ရာ စံသတ်မှတ်ချက်များ ပြည့်မီအောင် စောင့်ဆိုင်းနေရမှုနှင့်အတူ F-16 တိုက်လေယာဉ်များ ပေးပို့ရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း မာ့ခ်ရူတီကပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့မည့်အချိန်ဇယားကို မာ့ခ်ရူတီက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။

အဆိုပါထုတ်ပြန်ကြေညာချက်နှင့်အတူ ယူကရိန်းသို့တိုက်လေ ယာဉ်များ ပို့ဆောင်ရန်အတွက် ပြင်ဆင်ရန်နှင့် ရန်ပုံငွေများကိုလည်း စုဆောင်းထားရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း နယ်သာလန်အစိုးရက ပြောကြားခဲ့သည်။ "ယူကရိန်းကို F-16 တိုက်လေ ယာဉ် (၁၈) စင်းပေးပို့ဖို့အတွက် ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နယ်သာလန်အစိုးရကို ကျေးဇူးတင်မိကြောင်း အိမ်စောင့်ဝန်ကြီးချုပ်မာ့ခ်ရူတီကို ကျွန်တော်ပြောဆိုခဲ့ပါတယ်"ဟု သမ္မတ ဇီလန်စကီးက ‌ပြောဆိုခဲ့သည်။

နယ်သာလန်အစိုးရသည် ၎င်း၏ပထမဆုံး အမေရိကန်ထုတ် F-16 တိုက်လေယာဉ်ကို ရိုမေးနီးယားနိုင်ငံရှိ ယူကရိန်းလေယာဉ် မှူးများနှင့်ဝန်ထမ်းများအတွက် လေ့ကျင့်မှုများလုပ်ဆောင်ပေးရန် ပြီးခဲ့သည့်လက စေလွှတ်ခဲ့ဖူးကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုလကုန်၌ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်ရပ်စဲမှု သက်တမ်းကုန်မည်ဖြစ်ပြီး နောက်ထပ်ဆုံးဖြတ်ချက် တစ်ရပ်အပေါ် နိုင်ငံရေးအသိုင်းဝိုင်း စိတ်ဝင်စားနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved