အစ္စရေး နဲ့ ဟစ်ဘိုလာအုပ်စုကြား စစ်ပွဲဖြစ်လာမှာကို အမေရိကန်အစိုးရ စိုးရိမ်မှုမြင့်တက်နေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၃
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာနိုင်တဲ့အခြေနေတွေကိုတားဆီးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူရဲ့ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သူကို စီစဉ်ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။
အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက "အမေရိကန်အစိုးရဟာ လက်ဘနွန်နဲ့စစ်ပွဲဖြစ်လာမှာကိုမထောက်ခံဘူး။ အစ္စရေးဟာ ဟစ်ဘိုလာအုပ်စုနဲ့ စစ်ပွဲဖြစ်၊ မဖြစ်ဆိုတာ သူလက်ထဲမှာရှိနေပါတယ်"လို့ ပြောပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူ Amos Hochstein ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဟစ်ဘိုလာ-အစ္စရေးနိုင်ငံကြား စစ်ပွဲမဖြစ်အောင် သံတမန်ရေးနည်းလမ်းအသုံးပြုပြီး အရှိန်မြင့်ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူတစ်ဦးက အမေရိကန်အစိုးရဟာ ဂါဇာစစ်ပွဲပဋိပက္ခကနေ လက်ဘနွန်နိုင်ငံအထိ စစ်ပွဲထပ်မံကူးစက်သွားမှာ မထောက်ခံကြောင်းပြောပါတယ်။ ဟစ်ဘိုလာအုပ်စုတွေဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီးရော့ကက်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဟစ်ဘိုလာအုပ်စုဟာ ပါလက်စတိုင်းပြည်သူတွေကို အားပေးထောက်ခံကြောင်းပြသမှုအဖြစ် အစ္စရေးနိုင်ငံကို ရော့ကဒ်ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်း ၅၀၀ ကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနိုင်ငံကလည်း ဟစ်ဘိုလာအုပ်စုရဲ့ပစ်ခတ်မှုတိုင်းကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်မှာ အစ္စရေးနဲ့ဟစ်ဘိုလာအုပ်စုကြား စစ်ပွဲထပ်မံဖြစ်လာမယ့်အလားလာတွေရှိလာနေကြောင်းသုံးသပ်မှုတွေရှိနေပါတယ်။ အစ္စရေးက ဟစ်ဘိုလာအုပ်စုတွေကို အစ္စရေးနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ လက်ဘနွန်နယ်စပ်ဒေသက မောင်း ထုတ်ဖို့ စီစဉ်နေပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံသား ၆၄၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကယ်မောင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦး ကားနှစ်စီးဖြင့်တိုက်မိခဲ့၍ သေဆုံးခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း