ဆိုင်ကယ်မောင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦး ကားနှစ်စီးဖြင့်တိုက်မိခဲ့၍ သေဆုံးခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား
ကျော်(NSS) - ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၂၀ ရက်မွန်းလွဲပိုင်းက ဆိုင်ကယ်မောင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦး ကားနှစ်စီးဖြင့်တိုက်မိခဲ့၍ သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါနေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က စမွတ်ဆာခွန်ခရိုင်ရှိ ခေါင်ခဲရမ်မြစ်ကမ်း-ဗန်နမ်းကြွူတ်သွားကားလမ်းတွင်ရပ်တန့်ထားသည့် ပစ်ကပ်ကားအား မြန်မာနိုင်ငံသား ကိုရွှေသိန်း(၃၀)နှစ်မောင်းနှင်လာသည့်ဆိုင်ကယ်မှနောက်ကဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"ပစ်ကပ်ကားက လမ်းသွယ်ထဲကိုဝင်ဖို့စောင့်နေတဲ့အချိန် နောက်ကနေဝင်တိုက်မိတာ။ အဲဒီလိုတိုက်မိတော့ ဆိုင်ကယ်ကို မထိန်းနိုင်တော့ဘဲ တစ်ဖက်ကလာတဲ့ ၁၀ ဘီးကားနဲ့ထပ်တိုက်မိတာ ကားသမားနှစ်ယောက်လုံးက အခင်းဖြစ်နေရာမှာပဲရှိနေပါတယ်။ ထွက်ပြေးတာမျိုးမရှိပါဘူး"ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသွားခဲ့သည့် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းအား စမွတ်ဆာခွန်ခရိုင်အခြေစိုက် လူမှုကူညီရေးအ သင်းကားဖြင့် ကထွန်ဘဲန်မြို့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယာဥ်တိုက်မှုဖြစ်စဥ်မှ ပစ်ကပ်ကားမောင်းသူနှင့် ၁၀ ဘီးကားမောင်းသူတို့အား ဥပဒေအရအရေးယူရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်၊ ည ၁၀ နာရီကျော်ခန့်ကလည်း ပထုံဌာနီခရိုင်တွင် လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား ပစ်ကပ်ကားတစ်စီးမှဝင်တိုက်မိခဲ့သဖြင့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနေရာ၌ပင် ဒီဇင်ဘာလ ၇ ရက်နံနက်ပိုင်းကလည်း ပထုံဌာနီခရိုင်၌ စက်ဘီးစီးနင်းကာလမ်း ဖြတ်ကူးသည့် မြန်မာနိုင်ငံသားအား Taxi တစ်စီးမှဝင်တိုက်မိပြီး မြန်မာနိုင်ငံသားမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့ကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် တိုက်ပွဲဖော်နေသည့် KNDF က နောက်တစ်လှိုင်း ထပ်လာမည်ဟု ထုတ်ဖော်အသိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း