ပင်လယ်နီဒေသမှာ ပူးပေါင်းကင်းလှည့်မယ့် မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာ နိုင်ငံပေါင်း (၂၀)ကျော် ပူးပေါင်းပါဝင်မယ်လို့ အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၂
ပင်လယ်နီဒေသ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ နိုင်ငံပေါင်း (၂၀)ကျော်ပူးပေါင်းပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။
ယီမင်နိုင်ငံကို ထိန်းချုပ်ထားတဲ့ ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေခဲ့ရာ အမေရိကန်အစိုးရက ပင်လယ်နီဒေသဘေးကင်းလုံခြုံရေးအတွက် အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး ကင်းလှည့်သွားဖို့ စီစဉ်နေပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ဗိုလ်ချုပ် ပက်ထရစ်ရိုင်ဒါက " ညွန့်ပေါင်းအဖွဲ့ထဲမှာ နိုင်ငံပေါင်း ၂၀ ကျော် ပူးပေါင်းပါဝင်သွားပါမယ်။ အခြားပူးပေါင်းပါဝင်လိုတဲ့နိုင်ငံတွေကိုလည်း ဆက်လက်ခွင့်ပြုသွားမှာပါ"လို့ပြောပါတယ်။
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ Operation Prosperity Guardian အမည်ရှိ ပင်လယ်နီဒေသ ရေ ကြောင်းကင်းလှည့်ရေး အစီအစဉ်တွေကို ဦးဆောင်လုပ် ကိုင်ခဲ့ကြောင်းသိရပါတယ်။
"နိုင်ငံတိုင်းဟာ သူတို့ဆန္ဒအတိုင်း ပူးပေါင်းပါဝင်လို့ရပါတယ်။ ဒီပူးပေါင်းပါဝင်မယ့် နိုင်ငံတွေထဲမှာစစ်သင်္ဘောတွေ စေလွှတ်ပေးမယ့်နိုင်ငံတွေလည်းပါဝင်တယ်။ အချို့ကလည်း တပ်ဖွဲ့ဝင်တွေနဲ့ အခြားကူညီထောက်ပံ့ပေးတာမျိုးလုပ်ဆောင်မယ်"လို့ ဗိုလ်ချုပ် ပက်ထရစ်ရိုင်ဒါက ဆက်လက်ပြောပါတယ်။
ဟားမက်စ်အဖွဲ့ဟာပင်လယ်နီဒေသ ပူးပေါင်းကင်းလှည့်မယ့်အစီအစဉ်တွေမှာပါဝင်မယ့် နိုင်ငံတွေရဲ့ကုန်စည်သင်္ဘောတွေကိုလည်း တိုက်ခိုက်မယ်လို့ သတိပေးထားရာတင်းမာမှုအရှိန်ပိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကိုအားပေးထောက်ခံကြောင်းပြသဖို့ ပင်လယ်နီဒေသ အတွင်းဖြတ်သန်းနေတဲ့ အစ္စရေးနိုင်ငံသားပိုင်ကုန်စည်သင်္ဘောတွေနဲ့အခြားကုန်စည်သင်္ဘာတွေကို ဒီဇင်ဘာ လအစောပိုင်းကတည်းက အရှိန်မြှင့်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
DKBA အနေဖြင့် NCA စာချုပ်ပါ စည်းမျဥ်းစည်းကမ်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု စစ်ဦးစီးချုပ် စောစတီးပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ