လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ အရပ်သားထိခိုက်ခဲ့မှု ရန်ကုန်မြို့၌ ဖြစ်ပွား
မြူနစ် (NSS) - ဒီဇင်ဘာ ၂၁
လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်သည် ယနေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၇)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းရှိ ကွမ်းယာဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် (၅ဝ)နှစ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ကွမ်းယာရောင်းရန်အတွက် ဆိုင်သို့ရောက်ရှိစဉ်အချိန်၌ ကွမ်းယာဆိုင်ထိုင်ခုံအောက်၌ Bluetooth ဘောက်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းသည် ယင်း Bluetooth ဘောက်အား ကောက်ယူလိုက်စဉ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
၎င်းကဲ့သို့ ပေါက်ကွဲမှုကြောင့် ၎င်းတွင် မျက်နှာ၊ လက် နှင့် ပေါင်တို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ မြို့နယ်အများအပြားရှိ လမ်းမများပေါ်တွင် လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှတစ်ဆင့် ပေါက် ကွဲမှုများဖြစ်ပွားခဲ့ဖူးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ဖူးသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လမ်းပေါ်တွင် တွေ့ရှိရသည့် Bluetooth ဘောက်အပါအဝင် မသင်္ကာဖွယ်ရာပစ္စည်းများကို ကိုင်တွယ်ယူဆောင်ခြင်း မပြုလုပ်ကြရန်လည်း လုံခြုံရေးအဖွဲ့ဝင်များက သတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် မြန်မာနိုင်ငံသားများအတွက် CI ထုတ်ပေးရေးစခန်းများ နှင့် Mobile Unit များကို လာမည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း