ပြီးခဲ့တဲ့နွေရာသီက ကိုမာခံစားခဲ့ရကြောင်း ပြောပြလာတဲ့ မက်ဒေါနား
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၁
ကမ္ဘာကျော်အမေရိကန်ပေါ့စ်ဘုရင်မ မက်ဒေါနားက ပြီးခဲ့တဲ့နွေရာသီအတွင်းက ကိုမာခံစားခဲ့ရတဲ့အကြောင်း သူ့ပရိသတ်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
မက်ဒေါနားဟာ မကြာသေးမီက ဘရုစ်ကလင်မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ သူမ ကိုမာ ခံစားခဲ့ရခြင်းနဲ့ သူမ ကိုမာကြောင့် အခက်တွေ့နေချိန်မှာ ကူညီပေးခဲ့တဲ့မိတ်ဆွေအချို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက ရေချိုးနေရင်း ကိုမာဝင်ကာ ဆေးရုံတက်ခဲ့ရတာပါ။ သူမ ကိုမာဝင်ပြီး ရေချိုးခန်းကြမ်းပြင်မှာ လဲကျနေချိန်မှာ အမျိုးသမီးတစ်ယောက် လာထူတာ သိလိုက်ရပြီးနောက် ICU မှာ ပြန်နိုးလာခဲ့တယ်လို့ သူမက ဆိုပါတယ်။ သူမဟာ ၄၈ နာရီကြာ မေ့မြောနေခဲ့ပြီး အဆိုပါအချိန်အတွင်း သူမဘေးမှာရှိနေသူတွေကို ကျေးဇူးတင်တဲ့အကြောင်း ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ပေါ့စ်ဘုရင်မ မက်ဒေါနားဟာ အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့တေးသီချင်းတွေနဲ့ဖက်ရှင်တွေကြောင့် ရေပန်းစားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် T2 မှာ အနည်းဆုံး အခန်းပေါင်း ၂၂ဝ ရှိတဲ့ ဟိုတယ်အသစ် တည်ဆောက်မည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ