ရုရှား-တရုတ်ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာကို အသုံးပြုတော့မည်မဟုတ်
Pika (NSS) - ဒီဇင်ဘာ ၂ဝ
ရုရှား-တရုတ်ကုန်သွယ်မှုတွင် အနောက်အုပ်စုနိုင်ငံများ၏ ငွေကြေးများ အသုံးပြုမှုများကို ပိုမိုလျှော့ချလာနိုင်ခဲ့ပြီး နှစ်နိုင်ငံကြားရှိ ပေးချေမှုအားလုံးကို ရူဘယ်နှင့်ယွမ်ငွေကြေးတို့ဖြင့် ဆောင်ရွက်နေကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင် က ပြောကြားခဲ့သည်။
ရုရှားဝန်ကြီးချုပ်မီခေးလ်မီရှုစတင်သည် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာခရီးသွားရောက်လည်ပတ်စဉ်အချိန်အတွင်း တရုတ်ဝန်ကြီးချုပ်လီချန်း နှင့် ဒီဇင်ဘာလ(၁၉)ရက်က တွေ့ဆုံစဉ် ယခုကဲ့သို့ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
မီခေးလ်မီရှုစတင် က "နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်အခြေချမှုမှာ နိုင်ငံသုံးငွေကြေးတွေအသုံးပြုမှုကို ကျွန်တော်တို့ ဆက်လက်မြှင့်တင်နေပါတယ်၊၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ဒီကိန်းဂဏန်းက (၂ဝ)ရာခိုင်နှုန်းရှိခဲ့မယ်ဆိုရင် အပြန်အလှန်ကုန်သွယ်အခြေမှုတွေမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ငွေကြေးတွေအသုံးပြုမှုကို ဒီနှစ်မှာ ကျွန်တော် တို့ လုံးဝဖယ်ရှား ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် မေလက ရှန်ဟိုင်းမြို့တွင်ကျင်းပသော ပူးတွဲစီးပွားရေးဖိုရမ်တွင် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင် (၁၅ဝဝ) ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာဆက်ဆံရေးများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင် နိုင်ခဲ့ကြောင်း မီခေးလ်မီရှုစတင်က ထပ်မံပြောကြားခဲ့သည်။
၎င်းက "ရုရှားနဲ့ တရုတ်ဈေးကွက်တွေမှာ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတွေအတွက် သက်တောင့်သက်သာ ဖြစ်စေမယ့်အခြေအနေတွေကို ကျွန်တော်တို့ ဖန်တီးနေပါတယ်။ ကျွန်တော်တို့မှာ ကျယ်ပြန့်တဲ့ ပူးတွဲအစီအစဉ် တစ်ခုရှိပါတယ်" ဟု အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းလာပြီး ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၏ နောက်ကွယ်မှ နိုင်ငံများကိုဆန့်ကျင်ရာတွင် ပိုမိုအရေးပါလာခဲ့ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်း က မှတ်ချက်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်ရန် နိုင်ငံတကာရာဇဝတ်တရားရုံးကို တောင်အာဖရိကအစိုးရ ဖိအားပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း