စစ်တွေမြို့ ဗျူးပွိုင့်ကမ်းခြေတွင်အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဗျူးပွိုင့်ကမ်းခြေတွင် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၁၉ ရက်)၊ နံနက် ၇နာရီအချိန်ခန့်တွင် စစ်တွေမြို့၊ ဗျူးပွိုင့်ကမ်းခြေရှိ ကျောက်ဆောင်များကြားတွင် အထက်ပါကဲ့သို့ ရေနစ်သေဆုံးနေခြင်းဖြစ် ကြောင်း သိရသည်။
“သူက (၁၈)ရက်နေ့ ညကတည်းက ပျောက်သွားတာ။ စိတ်ဝေဒနာသည်အမျိုးသားပေါ့။ ပျောက်သွားတော့ သူတို့မိသားစုက ကျွန်တော်တို့ကို အကူညီတောင်းလို့ လိုက်ရှာပေးခဲ့ပေမဲ့ ညပိုင်းကမတွေခဲ့ဘူး။ မနက်မှ အဲကျောက်ဆောင်တွေကြားမှာ ပိုက်ကွန်နဲ့ငြိပြီး ရေနစ်သေဆုံးနေတဲ့ပုံစံနဲ့ပြန်တွေ့တာပေါ့”ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၆၅)နှစ်အရွယ် ဦးကျော်သိန်းဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ အထက်ပါနေရာ၌ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ စစ်တွေမြိုနယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေကို တုံ့ပြန်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဂျီ ၇ အဖွဲ့တိုက်တွန်း တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း