မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံး တရားစွဲဆိုအရေးယူနိုင်မည့် ကော်မတီကို နစက ဖွဲ့စည်းထား
မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံး တရားစွဲဆိုအရေး ယူနိုင်မည့် ကော်မတီတစ်ရပ်ကို နစကမှ ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါကော်မတီကို မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲ ပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီအဖြစ် အမည်ပေးထားကြောင်း သိရသည်။
ကော်မတီတွင် ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးတို့ကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ပေးအပ်ထားကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို တည်ဆဲဥပဒေအရ အရေးယူခြင်းနှင့် သက်ဆိုင်ရာနိုင်ငံခြားသံရုံးသို့ ဆက်သွယ်အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်ရမည်ဟု နစကမှ အဆိုပါ ကော်မတီအား တာဝန်ပေးထား သည်။
ထို့ပြင် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက အလိုရှိကြောင်း ကြေညာထားသော နိုင်ငံခြား သားတရားခံပြေးများသည် နိုင်ငံအတွင်းသို့ ရောက်ရှိလာပါက အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးနိုင်ရေး ကြပ်မတ်ဆောင် ရွက်ရမည်ဟုလည်း တာဝန်ပေးထားသည်။
နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသော နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ ပြည်နှင်လွှဲပြောင်းပြီးပါက မြန်မာနိုင်ငံလူဝင်မှုကြီးကြပ် ရေးအက်ဥပဒေနှင့်အညီ အမည်မည်းစာရင်း ရေးသွင်းခြင်းကို ဆောင်ရွက်ရမည်ဟု အထက်ပါကော်မတီအား တာဝန်ပေးထားသည်။
“လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရ ဖွဲ့ထားတဲ့ ကော်မတီပေါ့။ နိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့သူတွေပေါ့။ ဘာအထောက်အထားမှ မပါဘဲနဲ့ ဝင်လာတဲ့သူတွေများတယ်။ တစ်ဖက်နိုင်ငံရဲ့ လိုအပ်ချက်အရ ချစ်ကြည်ရေးအရ လွှဲပြောင်းပြီးတော့ ပြန်လွှတ်ပေးနေတာတွေရှိတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံသားများသည် တရား မဝင် ဝင်ရောက်လာမှုများရှိပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှုများရှိကြောင်း သိရသည်။
ပြီးခဲ့သော တစ်လတာကာလအတွင်း၌ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား တစ်သောင်းကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိနစကအစိုးရအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်လွှတ်ပေးမှုများ ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် မြန်မာ နှင့် ကိုရီးယား ဒေသန္တရအစိုးရအချင်းချင်း MoU လက်မှတ်ရေးထိုးထားဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း