ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့မှုက ကောင်းမွန်သောနိုင်ပွဲတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြပြော
Pika (NSS) - ဒီဇင်ဘာ ၁၈
ဒီဇင်ဘာလ(၁၇)ရက်ညက ဘရိုက်တန်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းက အလွန်ကောင်းမွန်သောနိုင်ပွဲတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘရိုက်တန်အသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် မန်ယူအသင်းတိုက်စစ်မှူးဂျီဆပ်က ပွဲချိန်(၅၃)မိနစ်တွင် အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမားကိုင်ဟားဗက်ဇ်က ပွဲချိန်(၈၇)မိနစ်တွင် နောက်ထပ်တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အာဆင်နယ်အသင်းကစားသမားများသည် ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခြင်းမျိုးမရှိခဲ့သည့်အတွက် စိုးရိမ်မှုများရှိခဲ့ကြောင်း နည်းပြအာတီတာက ဝန်ခံပြောဆိုခဲ့သည်။ အာတီတာ က "ဒါက အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ကစားနိုင်ခဲ့တဲ့ပွဲစဉ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေ ဟာ ပွဲအစကနေ အဆုံးအထိ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ (၁၅)ကြိမ်လောက် ဂိုးပေါက်ကန်သွင်းမှုတွေ ရှိခဲ့ပေမယ့် ဂိုးသွင်းနိုင်တာမျိုး မရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ဆက်လက်ကစားနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ့ကစားပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော်တကယ်ကို ပျော်ရွှင်မိပါတယ်" ဟု ပြောခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၇)ပွဲကစားထားပြီး ရမှတ်(၃၉)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း