နျူကလီးယားအသုံးပြုတိုက်ခိုက်မယ်ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် အုပ်ချုပ်မှု အဆုံးသတ်မယ်လို့ အမေရိကန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၇
အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံအနေ နဲ့ အမေရိကန်နိုင်ငံကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်မယ် ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ရဲ့အုပ်ချုပ်မှုခေတ် အဆုံးသွားမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
အမေရိကန် နဲ့ တောင်ကိုရီးယားစစ်ဘက်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်စစ်ဘက်တို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ "တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယား နိုင်ငံရဲ့နျူကလီးယားတိုက်ခိုက်မှုတွေ ရှိလာမယ်ဆိုရင်လည်း ထိုက်တန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်မယ်" လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရက နျူကလီးယား အပါအဝင် အမေရိကန်နိုင်ငံရဲ့လုပ်နိုင်စွမ်းအားလုံး အပြည့်အဝ သုံးပြီး တောင်ကိုရီးယားနိုင်ငံကို ထောက်ခံပေးမယ်လို့ ကတိပြုကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း မြောက်ကိုရီးယားဟာ နျူကလီးယား အသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရအဖွဲ့ အဆုံးသတ်သွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ကလည်း မြောက်ကိုရီးယားဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကို နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် ကင်ဂျုံအမ် ဦးဆောင်တဲ့ မြောက်ကိုရီးယားအစိုးရခေတ် အဆုံးသတ်သွားမယ်လို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်တွေက နျူကလီးယားလက်နက်ဟာ ၎င်းတို့နိုင်ငံ ရှင်သန်ရေးအတွက် လိုအပ်တဲ့လက်နက်တစ်ခုအဖြစ် ရှုမြင်သုံးသပ်ထားပြီး နျူကလီးယားအစီအစဉ်တွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လက စစ်ဘက်သုံး စပိုင်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ အဲဒီဂြိုလ်တုကတဆင့် အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့အရေးပါတဲ့နေရာတွေရဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှ လာရောက်ဖိတ်ခေါ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ