ရှမ်းနီလူထုအား လူသားတံတိုင်းအဖြစ်အသုံးမပြုကြရန် SNUA တောင်းဆို
ကျော် (NSS) - ဒီဇင်ဘာ ၁၆
ရှမ်းနီလူထုအား လူသားတံတိုင်းအဖြစ်အသုံးမပြုကြရန် ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး (SNUA) က တောင်းဆိုခဲ့သည်။
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအား KIO / KIA အဖွဲ့မှ ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ နံနက် ၅ နာရီခန့်မှစတင်၍ ဝင်ရောက်တိုက်ခိုက်ရာ လီဆူပြည်သူ့စစ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုများပြုလုပ်စဥ် KIO / KIA အဖွဲ့သည် တာလော ကြီးကျေးရွာအတွင်းနေထိုင်သည့် ရှမ်းနီးတိုင်းရင်းသားများအား ကျေးရွာအတွင်းမှထွက်ခွာခြင်းမပြုဘဲ လူသားတံတိုင်းအဖြစ်အသုံးပြုလျက်ရှိသည်ဟု SNUA မှပြောဆိုခဲ့သည်။
"တာလောကြီးကျေးရွာက ရှမ်းနီတိုင်းရင်းသားတွေ အစဉ်အ ဆက်နေထိုင်ခဲ့ကြတဲ့ သမိုင်းဝင်ကျေးရွာကြီးတစ်ခုပါ။ KIO/KIA အဖွဲ့ရဲ့ရန်ပြုတာ၊ အဓမ္မစစ်သားစုဆောင်းတာတွေကို အကြိမ် ကြိမ်ခံနေရတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်"ဟု SNUA မှထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ကြောင့် ရှမ်းနီတိုင်းရင်းသားများကို အကာအကွယ်ယူ၍ တိုက် ခိုက်ခြင်း၊ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့်ဘာသာရေးအဆောက်အဦးများတွင် ဝင်ရောက်နေရာယူခြင်းမပြုလုပ်ကြရန် SNUA ကတောင်းဆိုခဲ့သည်။
ထို့ပြင် ယင်းနေရာများကို စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်တိုက် ခိုက်ခြင်းမပြုရန်နှင့်ရှမ်းနီတိုင်းရင်းသားများကို စစ်ဘေးလွတ်ရာသို့ ထွက်ခွာခွင့်ပြုရန်လည်း SNUA ကတောင်းဆိုခဲ့သည်။
လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် တာလောကြီးကျေးရွာအနီးတဝိုက်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ကျေးရွာအတွင်းဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများကို သိရှိနိုင်ရန်အခက်အခဲရှိနေကြောင်း မြစ်ကြီးနားမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
"ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ အဆင်မပြေတဲ့အတွက် တာလောကြီးမှာဖြစ်နေတာကို သေချာမသိရသေးဘူး။ လက် နက်ကိုင်အဖွဲ့တွေကရွာထဲအထိရောက်နေတာရယ်၊ ရွာသားတွေကိုလူသားတံတိုင်းလုပ်ထားတာရယ်ကြောင့် ရွာသားတွေကိုကယ်ထုတ်ဖို့ဆိုတာ အတော်စဥ်းစားပြီးမှလုပ်ရမယ့်အနေအထားပါ"ဟု မြစ်ကြီးနားမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင် တစ်ဦးက NSS ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် တာလောကြီးကျေးရွာသည် ရှမ်းနီတိုင်းရင်းသားများအများဆုံးနေထိုင်လျက်ရှိသောကျေးရွာဖြစ်ပြီး လူဦးရေ ၇၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၃) လတာ ကာလအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ် ဘီလီယံ (၂၀၀) နီးပါး ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ