ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခု၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်
Pearl (NSS) - ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခု၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း 66kV သာကေတ-စိန်ပန်းမြိုင် (၁+၂) ဓာတ်အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဒီဇင်ဘာလ (၁၆)ရက်၊ နံနက်(၁၀) နာရီမှ နေ့လည်(၂)နာရီ အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တောင်ဥက္ကလာပမြို့ နယ် နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း YESC က အသိပေးထားသည်။
ဓာတ်အားပြတ်တောက်ချိန်ကြာ မြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း YESC က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲကို အလိုရှိဆုံး တရားခံလူစာရင်းတွင် ရုရှားအစိုးရ ထည့်သွင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း