ယူကရိန်းစစ်ထောက်လှမ်းရေးအကြီးအကဲကို အလိုရှိဆုံး တရားခံလူစာရင်းတွင် ရုရှားအစိုးရ ထည့်သွင်း
Pika (NSS) - ဒီဇင်ဘာ ၁၅
ရုရှားအစိုးရသည် ဒီဇင်ဘာလ(၁၄)ရက်တွင် ယူကရိန်းစစ်ထောက်လှမ်းရေး(GUR) အကြီးအကဲ Kyrylo Budanov ကို အလိုရှိဆုံးတရားခံလူစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် Kyrylo Budanov သည် ရုရှားနိုင်ငံတွင်းရှိ တိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း ရုရှားဖက်က စွပ်စွဲပြောဆိုထားသည်။ အသက်(၃၇)နှစ်အရွယ် Kyrylo Budanov ကို ရာဇဝတ်မှုကျူးလွန်မှုများအတွက် ရုရှား ပြည်ထဲရေးဝန်ကြီးဌာန၏ အလိုရှိဆုံးတရားခံလူစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်ကတည်းက ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(GUR) ကို ဦးဆောင်ခဲ့သော Kyrylo Budanov သည် ရုရှား နှင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားသောတံတားကို ပျက်စီးစေခဲ့သည့် ၂ဝ၂၂ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်က စွပ်စွဲပြောဆိုခဲ့သည်။
ထို့အပြင် ရုရှားထောက်လှမ်းရေးအဖွဲ့များသည် Kyrylo Budanov ၏ ဇနီးဖြစ်သူ Marianna Budanova ကို မာကျူရီနှင့် အာဆင်းနစ်တို့ကို အသုံးပြုကာ အဆိပ်ခတ်ခဲ့သည်ဟု သံသယရှိကြောင်း ယူကရိန်းအစိုးရက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ Marianna Budanova သည် ကိဗ်ယက်မြို့တော်ဝန် ဗစ်တာလီ ကလစ်စကို၏ အကြံပေးအရာရှိတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း Marianna Budanova ကို အဆိပ်ခတ်ခဲ့သည်ဆိုသည့် ယူကရိန်းအစိုးရ၏ စွပ်စွဲပြောဆိုချက်များကို ရုရှားဖက်က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ် က "ယူကရိန်းဟာ ဖြစ်ပျက်သမျှအရာအားလုံးအတွက် ရုရှားကို အပြစ်တွေပုံချနေတာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားခဲ့ရဟု တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း