Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားခဲ့ရဟု တောင်ကိုရီးယားစစ်ဘက်ပြော

Pika (NSS) - ဒီဇင်ဘာ ၁၅ 

တောင်ကိုရီးယားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးနောက် သတိပေးမှုများ လုပ်ဆောင်ရန်အတွက် တိုက်လေယာဉ်များကို ဝေဟင်သို့ စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာလ(၁၄)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များသည်  အရှေ့ပင်လယ်ရှိ တောင်ကိုရီးယားလေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ ဒီဇင်ဘာလ(၁၄)ရက် နေ့လည်(၁၁)နာရီ (၅၃)မိနစ်တွင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး (၁၂)နာရီ (၁ဝ)မိနစ်တွင် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။


သို့သော်လည်း တရုတ် နှင့် ရုရှားတို့၏ တိုက်လေယာဉ်များသည် ၎င်း၏လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်း မျိုးမရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး က "တရုတ်နဲ့ ရုရှားတို့ရဲ့တိုက်လေယာဉ်တွေ ကျွန်တော်တို့ရဲ့လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို ဖြတ်ကျော်ဝင်ရောက်မှုတွေ မလုပ်ဆောင်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် တိုက်လေယာဉ်တွေ ကို ဝေဟင်ကို စေလွှတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်သည် ဒီဇင်ဘာလ(၁၄)ရက်က ဖြစ်ပွားခဲ့သော အဖြစ် အပျက်ကို ပုံမှန်လေကြောင်း လှုပ်ရှားမှုတစ်ခုအဖြစ်  ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ 

မာအိုနင် က "ဒါဟာ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ တရုတ်တိုက်လေယာဉ်တွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ပျံသန်းတဲ့လှုပ်ရှားမှုတစ်ခုလို့ ကျွန်မထင်ပါတယ်။ ဒါက နိုင်ငံတကာဥပဒေနဲ့အညီ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတစ်ခုပါ" ဟု ပြောခဲ့သည်။ 

တရုတ် နှင့် ရုရှားတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ မိတ်ဖက်နိုင်ငံများဖြစ်ပြီး မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား စစ်ရေးအရ ဆက်ဆံမှုများမှာ ပိုမိုကြီးထွားလာပြီး အန္တရာယ်ရှိကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်လတွင် သတိပေးပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကေအစိုးရက မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့မည်

RECENT POSTS
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved