သတ်မှတ်ရက်အတွင်း မီတာခပေးဆောင်ခြင်းမရှိသည့် ဖားကန့်မြို့ပေါ်ရှိ လျှပ်စစ်မီးသုံးစွဲသူများကို ဓာတ်အားဖြတ်တောက်မည်
ယွန်း (NSS) - ဒီဇင်ဘာ ၁၅
သတ်မှတ်ရက်အတွင်း မီတာခပေးဆောင်ခြင်းမရှိသည့် ဖားကန့်မြို့ပေါ်ရှိ လျှပ်စစ်မီးသုံးစွဲသူများကို ဓာတ်အားဖြတ်တောက်ခြင်းနှင့် မီတာဖြုတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကထံမှ သိရသည်။
နစကမှ ဒီဇင်ဘာလ(၁၄)ရက်တွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
ဖားကန့်မြို့တွင် မီးသုံးစွဲသူဦးရေ စုစုပေါင်း(၁၇၃၄၆)ဦးရှိပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ပါဝါမီတာ၊ စီတီမီတာဖြင့် အသုံးပြုသည့် ဓာတ်အားသုံးစွဲသူသည် (၂၆၈)ဦးရှိကြောင်း သိရသည်။
ထို့ပြင် အိမ်သုံးမီတာဖြင့် အသုံးပြုသည့် ဓာတ်အားသုံးစွဲသူ(၁၂၀) ဦးခန့်ရှိပြီး ၎င်းတို့အနေဖြင့် ဓာတ်အားခများ ပေးဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် မီးသုံးစွဲသူများအား သတ်မှတ်ရက်အတွင်း ဓာတ်အားခကြွေးကျန်များ လာ ရောက်ပေးဆောင်ရန် အကြောင်းကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့သော် သတ်မှတ်ကာလကျော်လွန်၍ ပေးဆောင်ခြင်းမရှိသော မီးသုံးစွဲသူများကို ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဓာတ်အားဖြတ်တောက်ခြင်းနှင့် မီတာဖြုတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျန်ရှိသည့် လျှပ်စစ်မီတာကြွေးကျန်များကို တောင်းခံလျက်ရှိရာ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ ဆက်လက်တောင်းခံရန်ကျန်ရှိနေသည့် လျှပ်စစ်မီတာခကြွေးကျန်သည် ငွေကျပ်(၂၄၄ ဒသမ ၆၁၉) ဘီလီယံရှိနေသေးကြောင်း သိရသည်။
ထို့ပြင်(၄)လနှင့်အထက် ဓာတ်အားခပေးဆောင်ခြင်းမရှိသူများကိုလည်း မီတာပုံးဖြုတ်သိမ်းခဲ့ရာ တိုင်းနှင့်ပြည်နယ် အသီးသီး၌ ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လအထိ မီတာလုံးရေ(၁၉၈၈)လုံး ဖြုတ်သိမ်း ထားခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့်ဆက်နွယ်သည့် ထိုင်းလွှတ်တော်အမတ်ကို ငွေကြေးခဝါချမှု အပါအဝင် အခြားစွဲချက်များဖြင့် ထိုင်းအစိုးရတရားစွဲ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ