သပိတ်ကျင်းမြို့နယ်တွင် PDF အဖွဲ့က ပစ်ခတ်သည့် လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရ
NSS - ဒီဇင်ဘာ ၁၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် PDF အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအနီး ချောင်းကြီးချောင်းဘေးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါချောင်းဘေးတွင် ချောင်းကြီးကျေးရွာနေသူများဖြစ်သည့် ဦးမြင့်ဦး(၅၃)နှစ်၊ ဦးမိုးမိုးဆန်း(၃၀)နှစ် နှင့် မသဲနုဝေ(၂၃)နှစ်တို့ သည် အလုပ်လုပ်ကိုင်နေစဉ် PDF အဖွဲ့က ၎င်းကျေးရွာ၏ အနောက်ဘက် (၃)မိုင်ခန့်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထို့သို့ ပစ်ခတ်တိုက်ခဲ့ရာ အထက်ပါနေရာသို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးမြင့်ဦးတွင် လက် နက်ကြီး ကျည်ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကာ ကျန်(၂)ဦးတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးတို့ကို တပ်မတော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန် သူ များအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သတ်မှတ်ရက်အတွင်း မီတာခပေးဆောင်ခြင်းမရှိသည့် ဖားကန့်မြို့ပေါ်ရှိ လျှပ်စစ်မီးသုံးစွဲသူများကို ဓာတ်အားဖြတ်တောက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း