မော်ဒယ်ရှိုးလျှောက်ရမည်ဟုဆိုကာ ကာမဆိုင်ရာကိစ္စများကို အဓမ္မခိုင်းစေခဲ့သူ(၃)ဦးအား အလုပ် နှင့် ထောင်ဒဏ် (၁၁)နှစ်စီချမှတ်
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၄
အမျိုးသားမီးတစ်ဦးကို မော်ဒယ်ရှိုးလျှောက်ရမည်ဟုဆိုကာ ကာမဆိုင်ရာ ကိစ္စများကို အဓမ္မခိုင်းစေခဲ့သူ (၃)ဦးအား အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေခရိုင်တရားရုံးက ပြီးခဲ့သော (ဒီဇင်ဘာလ ၁၂ ရက်) တွင် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်နေသူများဖြစ်သည့် မသင်းသင်းနိုင်၊ မသဒ္ဒါမောင်မောင် နှင့် မဟာအောင်မြေမြို့နယ်နေ ကိုဗညားထောလဝီ(ခ)ဗညားတို့သည် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် အမျိုး သမီး တစ်ဦးကို မန္တလေးမြို့ရှိ စင်တာတစ်ခုတွင် မော်ဒယ်ရှိုးလျှောက်ရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ အမျိုးသမီးအား စည်းရုံးကာ ကြိုတင်ငွေများပေးပြီး ကာမဆိုင်ရာများကို အဓ္ဓမခိုင်းစေခဲ့သဖြင့် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် နယ်မြေရဲစခန်းက (ပ)၁၂၂/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်ကာ မဟာအောင်မြေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မဟာအောင်မြေခရိုင်တရားရုံးက စစ်ဆေးမှုများပြု လုပ်ပြီးနောက် မသင်းသင်းနိုင်၊ ဗညားထောလဝီ(ခ)ဗညားနှင့် မသဒ္ဒါမောင်မောင်တို့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြစ်တင်ဝေဖန်သူတွေကို ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ သွားကြဖို့ ယူကရိန်းသမ္မတဇီလန်စကီး ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း