သထုံမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ထံ PDF အဖွဲ့က ခြိမ်းခြောက်စာပို့
NSS - ဒီဇင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးထံသို့ PDF အဖွဲ့က ခြိမ်းခြောက်စာတစ်စောင်ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (ဒီဇင်ဘာလ ၁၁ ရက်)၊ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေး(၅၄)နှစ်သည် စာသင်ကျောင်း၌ ရှိနေစဉ် PDF အဖွဲ့က ခြိမ်းခြောက်စာ တစ်စောင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါခြိမ်းခြောက်စာတွင် “မနက်ဖြန်မှစ၍ ကျောင်းပိတ်ရန်နှင့် ကျောင်းမပိတ်ပါက ကျောင်းအုပ်ဆရာမကြီး၏အသက်အား အာမမခံနိုင်”ဟုပါရှိပြီး ၅.၅၆ ကျည်တစ်တောင့်နှင့်အတူ ၎င်းခြိမ်းခြောက်စာကို ပေးပို့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ခြိမ်းခြောက်စာပေးပို့ခံခဲ့ရသည့် နောင်ကုလားကျေးရွာအခြေခံ ပညာအလယ်တန်းကျောင်း၌ ကျောင်းဆရာ၊ ဆရာမ (၁၆)ဦးက ကျောင်းသား၊ ကျောင်းသူ(၆၉၀)ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
အလားတူ အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ သမဝါယမကောလိပ် (မန္တလေး)မှ ဆရာမများဖြစ်သည့် ဒေါ်တင်နီလာဝင်း၊ ဒေါ်ဌေးဌေးမြင့် နှင့် ဒေါ်သင်းမြတ်နွယ်တို့၏ ဖုန်းများသို့လည်း ခြိမ်းခြောက်စာပေးပို့ခံခဲ့ရကြောင်းသိရသည်။
ယင်းခြိမ်းခြောက်စာ၌ “သွေးသောက်ညီနောင်အဖွဲ့မှ ၂၀၂၃ ဒီ ၁၁ ရက်နေ့မှစ၍ ကျောင်းမသွားခြင်း၊ ရုံးမတက်ခြင်းဖြင့် ကူညီရန်၊ ကျောင်းသွားပါကကျည်ဆံနှင့် အက်ဆီးဒန့်တစ်ခုခုလက် ဆောင်ပေးမည်” ဟူသော စာသား Message များ ရေးသားထားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ခြိမ်းခြောက်စာပို့ဆောင်မှုများတွင် ပါဝင်ပတ်သက်သူများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေး ယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးထက် ရပ်တည်ရှင်သန်ရေးကို ပို၍အာရုံ စိုက်နေရဟု ကမ္ဘာ့ဘဏ်ဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း