တောင်ကိုရီးယားနှင့် အမေရိကန်တို့စစ်ရေးမလေ့ကျင်ခင် မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်မှ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်
Pika (NP News) - မတ် ၁၃
အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှုမစတင်ခင် တစ်ရက်အလို မတ်လ(၁၂)ရက်တွင် မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်(၂)စင်းကို ၎င်း၏ ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။
အဆိုပါ ပစ်လွှတ်မှုကြောင့် ဒုံးကျည်စနစ်များ၏ ယုံကြည်စိတ်ချရမှုများကို အတည်ပြုနိုင်ခဲ့ပြီး မြောက်ကိုရီးယား ရေငုပ်သင်္ဘောများ၏ စစ်ဆင်မှုများကို စမ်းသပ်နိုင်ခဲ့ကြောင်း KCNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ဒုံးကျည်ပစ်လွှတ်မှုများ၏ အသေးစိတ်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီသည် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ က ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့နှင့် တောင်ကိုရီးယားတပ်ဖွဲ့တို့သည် "Freedom Shield 23" ဟု အမည်ပေးထားသော (၁၁)ရက် ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ်လ(၁၃)ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ရေငုပ်သင်္ဘောမှ ခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် အခြေအနေများကို ထိန်းချုပ်ရန်အတွက် မြောက်ကိုရီးယား ၏ပြတ်သားသော ဆုံးဖြတ်ချက်များကို ပြသရန်ဖြစ်ကြောင်း KCNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ထို့အပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မြောက်ကိုရီးယားဆန့်ကျင်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပိုမို လုပ်ဆောင်လာခြင်းသည် တင်းမာမှုများကို ပိုမိုမြင့်တက်စေကြောင်း ပြောကြားခဲ့သည်။ မတ်လ(၁၂)ရက် နံနက် အစောပိုင်းတွင် မြောက်ကိုရီယားနိုင်ငံ အရှေ့ဖက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ရပ်ထားသော "8.24 Yongung" အမည်ရှိ ရေငုပ်သင်္ဘောမှ ခရုဇ်ဒုံးကျည်(၂)စင်းကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါ ခရုဇ်ဒုံးကျည်(၂)စင်းသည် ပင်လယ်ပြင်ရှိ ပစ်မှတ်ကိုမထိခင် အကွာအဝေး ကီလိုမီတာ(၁၅ဝဝ) ခန့်အထိ ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကတ်စမဲရိုး အနီကဒ်ပြခံရခြင်းနှင့်ပတ်သက်ပြီး ဒိုင်လူကြီးများက တရားမျှတမှုမရှိခဲ့ကြောင်း မန်ယူနည်းပြ ဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ