Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း-မြန်မာနယ်စပ်အနီးတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို စံချိန်တင်ဖမ်းဆီးရမိဟု ထိုင်းအာဏာပိုင်များပြော

Pika (NSS) - ဒီဇင်ဘာ ၁၃ 

ထိုင်း-မြန်မာနယ်စပ်အနီးတွင် မက်သာဖီတမင်းဆေးပြား သန်း(၅ဝ)ကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုသည် ထိုင်းနိုင်ငံတွင် စံချိန်တင်ဖမ်းဆီးရမိမှုတစ်ခုဖြစ်ပြီး အာရှတွင် ဒုတိယအများဆုံး စံချိန်တင် ဖမ်းဆီးရမိမှုတစ်ခုဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့ နှင့် စစ်သားများသည် ဒီဇင်ဘာလ(၁၂)ရက်က နိုင်ငံအနောက်ပိုင်း  ကန်ချနဘူရီပြည်နယ်ရှိ လုံခြုံရေးဂိတ်တစ်ခုတွင် ခြောက်ဘီးတပ် ထရပ်ကားတစ်စီးကို ကြားဖြတ်ဟန့်တားကာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


ထို့နောက် ထရပ်ကားနောက်ခန်းထဲတွင် အိတ်များဖြင့် ထုတ်ပိုးထားသော မက်သာဖီတမင်းဆေးပြားများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ထရပ်ကားပေါ်တွင် လိုက်ပါလာသော အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်းလည်း သိရသည်။ 

အာရှတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့်ပတ်သက်ပြီး ရွှေတြိဂံဒေသအနီးရှိ လာအိုနိုင်ငံတွင် မက်သာဖီတမင်းဆေးပြား (၅၅)သန်း ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုတစ်ကြိမ်ဖမ်းဆီးရမိမှုမှာ ဆေးပြားပမာဏ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုတစ်ခုဖြစ်ကြောင်း  ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောကြားခဲ့သည်။ 

ဂျယ်ရမီဒေါက်ကလပ်စ်က "အာရှမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ ထုတ်လုပ်တဲ့ မက်သာဖီတမင်းဆေးပြားတွေကို မှောင်ခိုကူးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ဖြန့်ဖြူးရေးကွန်ရက်တွေဟာ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတို့ထိ ရောက်ရှိ သွားပါပြီ။ ဆေးပြား ထုတ်လုပ်မှုတွေက တိုးလာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေ ဟာ အရင်ကလည်း အတူတူပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြပါတယ်" ဟု ပြောခဲ့သည်။

ရာဇဝတ်ဂိုဏ်းများသည် ထောက်ပံ့မှုကို ပိုမိုတိုးမြှင့်ကာ မက်သာဖီတမင်းဆေးပြားအတွက် ကုန်ကျစရိတ်များကို လျှော့ချခဲ့ခြင်းကြောင့် အာဏာပိုင်များ၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများသည် ဒေသအတွင်းတွင် တရားမဝင် မူးယစ်ဆေးဝါးစီးဆင်းမှုများအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိကြောင်း ဂျယ်ရမီဒေါက်ကလပ်စ်က ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူရှိ မြန်မာသံရုံး၌ အခွန်ထမ်းဆောင်လိုသူများပြားလျက်ရှိသည့်အတွက် နေ့ချင်းပြီးမဆောင်ရွက်နိုင်သည့် အခက်အခဲများ ဖြစ်ပေါ်နေ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved