ရန်ကုန်ရှိ ဒဂုံမြို့သစ်မြို့နယ် (၃)ခု၌ မနက်ဖြန်တွင် လျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်ဟု YESCအသိပေး
စော (NSS) - ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ် (၃)ခု၌ မနက်ဖြန် (ဒီဇင်ဘာလ ၁၃ ရက်)တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည် ဖြစ် ကြောင်း သိရသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV ဒဂုံ (အရှေ့) GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော 66kV ဖီဒါ(၃)နှင့်ဖီဒါ(၅)နှစ်ထပ်ဓာတ် အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မနက်ဖြန် (ဒီဇင်ဘာလ ၁၄ ရက်)၊ နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့တို့၌ ယာယီဓာတ်အား ပြတ်တောက်နိုင်ကြောင်း YESC မှ ဆိုသည်။
သို့သော် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်း (၅)မျိုး ဖွင့်လှစ်သင်ကြားပေးမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ