အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့အနေနဲ့ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာမဟုတ်ကြောင်း အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃
အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ ဖမ်းဆီးခံထားရတဲ့ ဓါစားခံတွေ ပြန်လည်လွှတ်မြောက်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက " ပါလက်စတိုင်းအုပ်စုဟာ လွတ်လပ်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တယ်။ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ဟာ ဟားမက်စ်အုပ်စုကိုအမြစ်ပြတ်ချေမှုန်းနိုင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ပြီး လေကြောင်း တိုက်ခိုက်မှုများ အပြင် မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသစစ်ပွဲ စတင်ခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို အင်အားသုံးဖြေရှင်းလို့ရမှာ မဟုတ်ဘဲ နိုင်ငံရေး နည်းလမ်းနဲ့သာ အဖြေရှာရမှာဖြစ်တယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ကူညီ ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံဖြစ်နေပြီး အစ္စရေးနိုင်ငံကို ဝေဖန်တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေပါ တယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အလီခါမေနီက အစ္စရေးနိုင်ငံနဲ့ နိုင်ငံရေး အဆက်အဆံရှိနေ တဲ့ မွတ်စလင်နိုင်ငံများအနေနဲ့ အစ္စရေးနဲ့ဆက်ဆံရေးကို ဖြတ်တောက်သင့်ပြီး အစ္စရေးနိုင်ငံကို အစားအစာနဲ့ ရေနံတင်သွင်းမှုတွေ ပိတ်ပင်ကန့်သတ်သင့်ကြောင်း တောင်းဆိုခဲ့ဖူးပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဂါဇာဒေသကိုတိုက်ခိုက်နေရာ ပါလက်စတိုင်းပြည်သူ ၁၈ဝဝဝ ကျော် သေဆုံးထားရာ နိုင်ငံတကာဖိအားမျိုးစုံကို ရင်ဆိုင်နေရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သရက်သီးတက်ခူးသည့် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီးသေဆုံးသွားမှု ရန်ကုန်မြို့၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ