စစ်ကိုင်းတောင်၌ မီးရထားဝန်ထမ်းတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်တက်လမ်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် မီးရထားဝန်ထမ်း အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်အတက်၊ ရွာလေးထပ်ကျောင်းပေါက်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဆုံးနေတာပါ။ မိသားစုနဲ့အဆက်သွယ်ရတော့ သေဆုံးသူက ရထားဝန်ထမ်းလို့သိရတယ်။ လစာလာထုတ်ရင်းနဲ့ စစ်ကိုင်းရောက်နေတာ ၃၊ ၄ ရက်လောက်ရှိပြီ။ အသက်ခံရတာတော့ ညကအသက်ခံထားရတယ်လို့သိရတယ်” ဟု အိုးဘိုကျန်းမာရေး နှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် ကောလင်းမြို့တွင်နေထိုင်သည့် အသက်(၃၁)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဦးခေါင်းနှင့် လက်တို့တွင် အရိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။
“အရိုက်ခံရတဲ့ ဒဏ်ရာတွေက လက်ဖျံရိုးမှာ တစ်ချက်။ ခေါင်းနောက်စေ့မှာတစ်ချက်တွေ့တယ်။ နောက်စေ့ကအရိုက်ခံရတဲ့ ဒဏ်ရာနဲ့ သေသွားတာ။ မိသားစုနဲ့တော့အဆက်သွယ်ရပါပြီ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက်သေဆုံးသူအမျိုသား၏ ရုပ်အလောင်းအား အိုးဘိုကျန်း မာရေးနှင့်လူမှုကူညီရေးအသင်းမှ စစ်ကိုင်းပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာမှ မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့အနေနဲ့ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာမဟုတ်ကြောင်း အီရန်အစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း