ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားသူ (၅)ဦးကို ဖမ်းဆီးရမိ
ကျော် (NSS) - ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားသူ ၅ ဦးကို ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၄ နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်စျေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့၌ ဟောင်လိတ်စျေးအနီးတွင် လူငယ်(၆) ဦးသည် ဆိုင်ကယ် (၃) စီးဖြင့် လမ်းအားပိတ်ဆို့၍ ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးအားတား ဆီးကာ သံတုတ်ဖြင့်ရိုက်နှက်ခြင်း၊မျက်နှာနှင့်ကျောပြင်တို့အား ထိုးကြိတ်ခြင်းများပြုလုပ်ပြီးနောက် မျက်နှာအားဓားဖြင့်(၃)ချက်ခုတ်ခဲ့ကြကြောင်း သိရသည်။
"သံတုတ်နဲ့ရိုက်တယ်။ ထိုးကြိတ်တယ်။ နောက်မျက်နှာကိုဓားနဲ့(၃)ချက်ခုတ်ပြီး ဆိုင်ကယ်ကိုလုယူသွားကြတယ်။ ဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့ဝင်တွေနဲ့တာချီလိတ်မြို့မရဲစခန်း၊ ဟောင်လိတ်နယ် မြေရဲစခန်းတို့က တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိဖို့ ဆက်တိုက်စုံစမ်းစစ်ဆေးခဲ့ပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူ ၆ ဦးအနက် မြင့်မြတ်ဟိန်း(ခ) အိုက်ပီး(၁၉)နှစ်၊ ဟိန်းဝဏ္ဏနိုင်(ခ)အိုက်ဟိန်း (၁၈)နှစ်၊ စိုင်းလွန်းနွဲ့(ခ)အိုက်နွဲ့(၂၃)နှစ်၊ မိုးသက်ပိုင်ထွန်း(ခ)အတ်ကောင်(၁၇)နှစ်နှင့် သက်ပိုင်ထူး(ခ)အငယ်ကောင်(၁၄)နှစ်တို့အား ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"စုံစမ်းစစ်ဆေးတာတွေဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့မှာ ပြစ်မှုကျူးလွန်တဲ့သူ ၆ ယောက်ထဲက ၅ ယောက်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်က မိုတယ်တစ်ခုကနေဖမ်းဆီးရမိခဲ့ပါတယ်။ လတ်တလောစစ်ဆေးချက်အရ သူတို့က ဒီဖြစ်စဥ်အပါအဝင် အခုလို ပြစ်မှုမျိုး(၁၀)ကြိမ်ကျူးလွန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေကြီးပါပဲ တစ်ယောက်ကိုတော့ ဖမ်းဆီးရမိဖို့လုပ်ဆောင်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။
၎င်းတို့ ၅ ဦးအား လုယက်မှုဖြစ်စဥ်တွင် အသုံးပြုခဲ့သည့် အသားခုတ်ဓားမ ၁ ချောင်း၊ ကော်သီးသေနတ် ၁ လက်၊ ကင်ဒိုဂျပန်ဓားရှည် ၁ ချောင်း၊ ဆိုင်ကယ် ၃ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ၅ ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းမှ အမှုဖွင့်ကာ လိုအပ်သည့်စစ်ဆေးမှုများဆက်လက်ပြုလုပ်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးဖြင့် ဖြေရှင်းရန် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖော်ဆောင်သော မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ နှင့် နစက၏ NSPNC တို့ တရုတ်တွင်တွေ့ဆုံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း