Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီတန်ဖိုးရှိ တင့်ကားကျည်ဆံများရောင်းချပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၁ 

အမေရိကန်အစိုးရဟာ ဟားမက်စ်အဖွဲ့နဲ့တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံကို တင့်ကားကျည်ဆံများ ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။ 

အမေရိကန်လွှတ်တော်ဟာ အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ဝ၆ သန်းကျော် တန်ဖိုးရှိ တင့်ကားကျည်ဆံများ ရောင်းချပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခွင့်ပြုပေးခဲ့ပြီးနောက် အမေရိကန်အစိုးရက ထပ်မံခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ  အစ္စရေးနိုင်ငံကို M830 တင့်ကား ကျည်ဆံ ၁၄ဝဝဝ ကျော် ရောင်းချပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်ဟာ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကတိပေးထားပါတယ်။ အစ္စရေးနိုင်ငံ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် အဆင်သင့်ရှိဖို့ နဲ့ စစ်လက်နက်ပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက် အောင် အကူအညီပေးတာတွေဟာ အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားအတွက် အဓိကအရေးပါနေတယ်။ ဒီလိုမျိုး ရောင်းချပေးမှုတွေဟာ အစ္စရေးနိုင်ငံဟာ အမိမြေကို ကာကွယ်နိုင်မှု ပိုမိုကောင်းမွန်စေဖို့ နဲ့ ဒေသအတွင်း ခြိမ်းခြောက်မှုတွေကို ကြိုတင်တားဆီးနိုင်ဖို့အတွက် ရည်ရွယ်ရောင်းချပေးတာမျိုးဖြစ်ပါတယ်" လို့ ပြောပါတယ်။ 

ဒါပေမယ့် အမေရိကန်လွှတ်တော်ဟာ  အမေရိကန်အစိုးရတောင်းခံထားတဲ့ အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော် ကူညီထောက်ပံ့ပေးမယ့် အကူအညီများ အပါအဝင် လုံခြုံရေးအတွက် ဘတ်ဂျက်ငွေကြေး  အမေရိကန်ဒေါ်လာ ၁ဝ၆ ဘီလျံကို ခွင့်ပြုခြင်းမရှိသေးဘဲ ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း သိရပါတယ်။ အဲဒီအစီအစဉ် ထဲမှာ အမေရိကန်အစိုးရဟာ အစ္စရေး နဲ့ ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့အပြင် နယ်စပ်တံတိုင်းဆောက်လုပ် မယ့်အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၇ဝဝဝ ကျော် သေဆုံးထားသလို ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၆ သန်းကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိသော ရှမ်းမြောက်ဒေသကို တပ်ချုပ်သွားရောက်

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved