တင်းနစ်ကစားသမားအကျော်အမော် ခရစ်အီဗာ့ ကင်ဆာရောဂါကြောင့် 2024 Australian Open ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်
ရောင်နီ (NSS) - ဒီဇင်ဘာ ၁ဝ
တင်းနစ်ကစားသမား အကျော်အမော်၊ ခရစ်အီဗာ့က သူမမှာ ကင်ဆာရောဂါ ပြန်လည်တွေ့ရှိခဲ့တာကြောင့် 2024 Australian Open ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မ ကင်ဆာရောဂါကို စတင်တွေ့ရှိခဲ့ပြီးကတည်းက ကျွန်မရဲ့ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ အသိပေးချင်ပါတယ်။ ကျွန်မ ကင်ဆာပြန်ဖြစ်နေပြီ” လို့ အီဗက်က သောကြာနေ့ (ဒီဇင်ဘာ ၈ ရက်) မှာ အသိပေးခဲ့တာပါ။
Grand Slam singles ၁၈ ကြိမ်နဲ့ grand slam doubles ၃ ကြိမ် တိုင်တိုင် ဆွတ်ခူးရရှိခဲ့တဲ့ တင်းနစ်ကစားသမား အကျော်အမော် အီဗာ့ဟာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလက အဆင့် ၁ သားအိမ်ကင်ဆာရောဂါ ရှာဖွေတွေ့ရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ် မေလက ကုသနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ PET CT စကင်န်စစ်ဆေးရာမှာ သူမရဲ့တင်ပါးဆုံတွင်း ကင်ဆာဆဲလ်များ ထပ်မံတွေ့ရှိခဲ့တာကြောင့် ဆဲလ်တွေအားလုံးကို ဖယ်ရှားဖို့ ဓာတုကုထုံးကို ထပ်မံလုပ်ဆောင်ခဲ့ရပါတယ်” လို့ အီဗာ့ က ပြောကြားပါတယ်။
အဆိုပါကုသမှုကြောင့် နောက်လ ကျင်းပမယ့် 2024 Australian Open ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အီဗာ့ဟာ အမျိုးသမီးစံချိန်တင် French Open ဖလား ခုနှစ်ကြိမ်နဲ့ US Open ချန်ပီယံ ခြောက်ကြိမ် စံချိန်တင် ရရှိခဲ့ပြီး single ပွဲပေါင်း ၁ဝဝဝ ထိကို အနိုင်ရတဲ့ ပထမဆုံးကစားသမားဖြစ်ကာ အသက်မွေးဝမ်းကျောင်း ဆုကြေးဒေါ်လာ ၁ သန်းရရှိတဲ့ ပထမဆုံးသော အမျိုးသမီးအားကစားသမား တင်းနစ်မယ်အဖြစ် အားကစား သမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီတလီမှာ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက နာမည်ကျော် Venice ရဲ့ Grand Canal ရေပြင်ကို အစိမ်းရောင်ပြောင်းကာ ဆန္ဒပြ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း