ကျောက်ပန်းတောင်းမြို့နယ်တွင် ရေအတွင်းကန်အတွင်း ငါးဆင်းမျှားသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁ဝ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရေကန်အတွင်း ငါးဆင်းမျှားသော အမျိုးသားတစ်ဦး ရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးမှုသည် ယနေ့(ဒီဇင်ဘာ ၁ဝ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျေးရွာ၊ ကျောင်ပန်းတောင်း-မိတ္ထီလာကားလမ်းဘေး၊ အင်တောဘုန်းကြီးကျောင်းအနီးရှိ ရေကန် အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရေနစ်တဲ့လူက ပထမက ငါးမျှားနေရင်းနဲ့ ဘယ်လိုဖြစ်ပြီး ကန်ထဲကို ငါး ဆင်းဖမ်းလဲ မသိပါဘူး။ အဲဒီကန်ထဲမှာ ရေနစ် သေဆုံးသွားတာပေါ့” သုဂတိရှင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးအမျိုးသားမှာ အင်တောကျေးရွာတွင်နေထိုင်သည့် အသက်(၂၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ကျောင်းပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ (၃)နာရီခန့် ရှာဖွေခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား သူဂတိရှင်နာရေးကူညီမှုအသင်းမှာ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်က ၎င်း၏အလုပ်ကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ဟု ဂျာမနီနိုင်ငံသား (၇၄) ရာခိုင်နှုန်းက ယုံကြည်ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း