ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈) ဇုန် ခွဲကာ ပြသသွားမည်
ယွန်း (NSS) - ဒီဇင်ဘာ ၁ဝ
ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈)ဇုန် ခွဲ၍ ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယျာဥ်မှ တာဝန်ရှိသူကပြောသည်။
(၁၆)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်ကို လာမည့် ဒီဇင်ဘာ(၁၆)ရက်မှ ဇန်နဝါရီ(၁၆)ရက်အထိ တစ်လတာ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၇)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပန်းပွဲတော်တွင် ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ပြသသွားမည်ဖြစ်ပြီး ပန်းမျိုးစိပ်ပေါင်း (၄ဝ)နီးပါး ပါဝင်ကြောင်း သိရသည်။
“(၁၆)ကြိမ်မြောက်ပေါ့နော် ဇုန်(၈)ဇုန်ခွဲပြီးတော့ ပြသွားမှာပါ။ ပြခန်းသက်သက်တော့ မရှိပါဘူး။ ဒီဇင်ဘာလ(၁၆)ရက်ကနေ ဇန်နဝါရီ(၁၆) ရက်အထိ တစ်လကျင်းပမှာပေါ့။ ဖွင့်ပွဲကတော့ ဒီဇင်ဘာ(၁၇)ရက် ဖွင့်ပွဲ လုပ်မယ်။ ဒီနှစ်ကတော့ ပန်းအရေအတွက် နှစ်သိန်းလောက်ပြမယ်။ ပန်းမျိုးစိပ်ကတော့ အမျိုးအစား(၄ဝ) လောက် ပါမယ်။ အပိုင်းလိုက်ဇုန်(၈)ဇုန်ခွဲပြီးတော့ ပြကွက်(၈)ခုပြသွားမှာပါ” ဟု အမျိုးသားကန်တော်ကြီးဥယျာဥ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ဒေသထုတ်ကုန်၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများလည်း ပြသရောင်းချမည့် ဈေးဆိုင်ခန်းများ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယခင်နှစ်များကဲ့သို့ ဖျော်ဖြေရေးအစီအစဥ်များလည်း ပါဝင်မည်ဖြစ်ပြီး ခရစ္စမတ်နေ့ အပါအဝင် New Year နေ့နှင့် လွတ်လပ်ရေးနေ့များတွင် အထူးဖျော်ဖြေရေးအစီအစဥ်များ ထည့်သွင်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အငြင်းပွားကျွန်းစုများအနီးတွင် ကင်းလှည့်သင်္ဘောများ ထိပ်တိုက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဂျပန် နှင့် တရုတ်အစိုးရတို့ အပြန်အလှန်ဝေဖန်ပြစ်တင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ