ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းနေသည့်အမျိုသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - ဒီဇင်ဘာ ၁ဝ
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းနေသည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဒီဇင်ဘာ ၇ ရက်)၊ ညနေ ၃ နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ တံတားဦး-မြို့သာ-မြင်းခြံသွား ကားလမ်းဘေးရှိ မြို့သာ ဈေးအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့သာ(အရှေ့)ကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင်(ခ)ဦးစိန်မြင့်အောင်(၆၇)နှစ်သည့် အထက်ပါဈေးအတွင်းရှိ ၎င်းဖွင့်လှစ် ရောင်းချနေသည့် ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် PDF အဖွဲ့ဝင်(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်(ခ)ဦးစိန်မြင့်အောင်တွင် ဦးခေါင်းနောက်စေ့မှ ကျည်ဖောက်ဝင်ပြီး နဖူးကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈) ဇုန် ခွဲကာ ပြသသွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း