ကမ္ဘာကြီးက လမ်းပျောက်နေပြီး အာဏာရှင်စနစ် ကြီးထွားလာနေကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ပြော
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁ဝ
ကမ္ဘာကြီးက လမ်းပျောက်နေပြီး အာဏာရှင်စနစ်က ကြီးထွားလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းက အားလုံးအတွက် စစ်ပွဲတွေကို အဆုံးသတ်ဖို့၊ ကွဲပြားမှုတွေကို ကုစားဖို့နဲ့ ငြိမ်းချမ်းပြီးဂုဏ်သိက္ခာရှိတဲ့ ဘဝတွေကို မြှင့်တင်ဖို့ရာအတွက် အထောက်အကူပေးတဲ့ လမ်းပြမြေပုံတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကြီးက လမ်းပျောက်နေပြီး ပဋိပက္ခတွေ ပြင်းထန်နေကာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ် ခေါင်းပါးမှုတွေ တိုးမြင့်နေကြောင်း၊ ကမ္ဘာကြီးမှာမညီမျှမှုတွေ ပိုမိုနက်ရှိုင်းလာနေကြောင်း ဂူတာရက်စ်က ထပ်မံပြောဆိုထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က "လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအတွက် နေရာတွေ ကျဉ်းမြောင်းလာနေပြီး၊ သတင်းမီဒီယာတွေ ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရပါတယ်။ ကျား-မ တန်းတူညီမျှမှုဟာ အလှမ်းဝေးနေတဲ့ အိမ်မက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကလည်း ဆုတ်ယုတ်လာနေပါတယ်"လို့ပြောပါတယ်။
လက်ရှိအချိန်မှာ လူသားအားလုံးကို ကာကွယ်ပေးတဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အရပ်ဘက် နဲ့ နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးအားလုံးကို လေးစားလိုက်နာဖို့နဲ့ မြှင့်တင်ဖို့ အရင်ကထက် ပိုပြီးအရေးကြီးလာနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မူဘောင်တွေကို ပြုပြင်မွမ်းမံဖို့ ဆောင်ရွက်ပြီး ၂၁ ရာစုမှာ အဲဒါတွေကို ပိုမိုထိရောက်မှုရှိအောင်လုပ်ဆောင်ခြင်းဖြင့် လူ့အခွင့်အရေးတွေကို ထူးခြားပြီး အဓိကကျတဲ့ အခန်းကဏ္ဍမှာထားရှိရမှာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
" အများပြည်သူများအနေနဲ့ စက်သုံဆီပြတ်လပ်မှာကို စိုးရိမ်စရာမလိုပါဘူး " ဟု စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ