အပျက်သဘောဆောင်တဲ့ ဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တရုတ် TikToker တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်
ရောင်နီ(NSS) - ဒီဇင်ဘာ ၁ဝ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မလုံခြုံဘူးလို့ဆိုကာ တရုတ် Tiktok ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ တရုတ် influencer အမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးကို ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးပါဘူး။
လူဝင်မှုကြီးကြပ်ရေးဗျူရို လက်ထောက်ကော်မရှင်နာ ဖန်သာနာနက်ချန်အက်က Sukhumvit Road မှာ Soi Nana အကြောင်း အပျက်သဘောဆောင်တဲ့ ဗွီဒီယို ကလစ်တစ်ခု တင်ထားတဲ့ တရုတ်နိုင်ငံသား အမျိုးသမီးကို ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်အနေနဲ့ ထိုင်းနိုင်ငံကို ဝေဖန်တဲ့ အကြောင်းအရာ တင်ခွင့်ရှိတာကြောင့် သူမကို အရေးယူဖို့ ဥပဒေ ရှုထောင့်ကိုတော့ မစဉ်းစားရသေးပါဘူး။ ဒါပေမယ့်လည်း အမျိုးသမီးရဲ့ ရည်ရွယ်ချက်ကို သိချင်တာကြာင့် စစ်ဆေးမေးမြန်းမှာ ဖြစ်တယ်လို့ မစ္စတာ ဖန်သာနာက ပြောကြားခဲ့ပါတယ်။
Tiktok user အမျိုးသမီးက တရုတ်လူမှုကွန်ရက် Douyin မှာ ထိုင်းနိုင်ငံမှာ အမျိုးသမီးများ တစ်ယောက်တည်း ခရီးသွားရခြင်းဟာ အန္တရာယ်ရှိတယ်လို့ ရှုတ်ချတဲ့ ဗီဒီယိုဖိုင်တစ်ခု ဒီဇင်ဘာလ ၆ ရက်က တင်ခဲ့ပါတယ်။ ဒါ့ပြင် Lui Chin facebook အကောင့်မှလည်း Soi Nana ရှိ လူ ၉၉ ရာခိုင်နှုန်းဟာ ကောင်းတဲ့လူတွေ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ရဲစခန်းရဲ့ အစီရင်ခံစာအရ အမျိုးသမီးက “ဒီလမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ လူ ၉၉ ရာခိုင်နှုန်းက လူကောင်းမဟုတ်ဘူး” လို့ ပြောပြီး သူ့ဗီဒီယိုဖိုင်ကို အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗီဒီယိုဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်တယ်လို့ နိုင်ငံတွင်း ခရီးသွားလုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံလူမှုကွန်ရက်တွေမှာ ထိုင်းနိုင်ငံရဲ့ သတင်းမှားနဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းတွေ ပြည့်လျှံနေတာကြောင့် အစိုးရရဲ့ အခမဲ့ဗီဇာစနစ်ဟာ တရုတ်ခရီးသွားများ ဝင်ရောက်မှုကို များစွာအထောက်အကူမဖြစ်နိုင်ခဲ့ဘူးလို့ ယူဆရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကြီးက လမ်းပျောက်နေပြီး အာဏာရှင်စနစ် ကြီးထွားလာနေကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း