အစာအိမ်ထဲက အစားအစာနဲ့အတူ ပထမဆုံးတွေ့ရတဲ့ tyrannosaur ရုပ်ကြွင်း ကနေဒါနိုင်ငံမှာတွေ့ရှိ
ရောင်နီ (NSS) - ဒီဇင်ဘာ ၉
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၅ သန်းက မြောက်အမေရိကမှာ ရှင်သန်ခဲ့တဲ့ ဝမ်းဗိုက်ထဲ အစာ နဲ့ Tyrannosaur ရုပ်ကြွင်းတစ်ခု ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်မှာ တွေ့ရှိခဲ့တယ်လို့ သောကြာနေ့(ဒီဇင်ဘာလ ၈ ရက်) ထုတ် Science Advances ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနအသစ်အရ သိရပါတယ်။
အဆိုပါ ဒိုင်နိုဆောအရိုးစုကို ၂၀၀၉ ခုနှစ်က အယ်လ်ဘာတာရဲ့ Dinosaur Provincial Park မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ အသည်းနဲ့ သူတို့ရဲ့ အစားအစာတွေရဲ့ ခိုင်မာတဲ့ အထောက်အထားတွေကို ကျောက်ဖြစ် ရုပ်ကြွင်းမှတ်တမ်းအဖြစ် သိမ်းဆည်းထားကာ လေ့လာစစ်ဆေးပြီးမှ ဒါဟာ ပထမဆုံး အစာအိမ်ပါဝင်တဲ့ Tyrannosaur ရုပ်ကြွင်းပဲ ဖြစ်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
၎င်းစာတမ်းမှာ ပါဝင်ခဲ့တဲ့ အယ်လ်ဘာတာရှိ Calgary တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒါလာဇီလန်နစ်စကီက Tyrannosaurs တွေဟာ Cretaceous နှောင်းပိုင်းကာလမှာ အယ်ဗာတာနဲ့ မြောက်အမေရိကမှာ ကျင်လည်ကျက် စားခဲ့တဲ့ အကောင်ကြီးမျိုးစိတ်များဖြစ်ပြီး ရုပ်ရှင်များ၊ စာအုပ်များနဲ့ ပြတိုက်များမှာ မြင်တွေ့ရလေ့ရှိတဲ့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့ ထိပ်တန်းသားရဲများဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အဆိုပါ သတ္တဝါတွေဟာ စားသုံးမှုပုံစံမှာလည်း ဇီဇာကြောင်ပုံရပြီး အစာအိမ်ထဲမှာ ငှက်ငယ်နဲ့ တူတဲ့ ဒိုင်နိုဆောများ၊ သားကောင်တစ်ခုစီရဲ့ ခြေလက်အင်္ဂါများကိုသာ စားထားတာ တွေ့ရတာကြောင့် သူတို့ဟာ အမဲလိုက်ပြီး ခြေ၊ လက်သာစားကာ ကျန်တဲ့အစိတ်အပိုင်းတွေကို ပစ်ထားတတ်တယ်လို့ ယူဆထားပါတယ်။ Tyrannosaur ရုပ်ကြွင်းရဲ့ အစာအိမ်ထဲမှ အကြွင်းအကျန်တွေဟာ အလွန်ထင်ရှားပြတ်သားခြင်းတော့ မရှိသေးပါဘူး၊ ဒီအတွက် အယ်လ်ဘာတာရှိ Drumheller ရှိ Royal Tyrrell ပြတိုက်မှ ဝန်ထမ်းတွေက ရုပ်ကြွင်းတွေကို ပြင်ဆင်ပြီး အနီးကပ်ကြည့်ရှုဖို့ ကြိုးစားနေပါတယ်။
အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဒိုင်နိုဆောများကြား ကာလကြာရှည်စွာ သံသယဖြစ်ဖွယ် အစားအသောက်ပုံစံရဲ့ ပထမဆုံး ခိုင်မာတဲ့ အထောက်အထားဖြစ်တယ်လို့ Yale တက္ကသိုလ်ရဲ့ ကမ္ဘာမြေနဲ့ ဂြိုဟ်သိပ္ပံဌာနမှ ပါရဂူဘွဲ့လွန်သုတေသီ ကတ်ဆက်ရိုဒါ က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းရောက် MoU မြန်မာလုပ်သားများအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှလွှဲပို့ရန် အလုပ်သမားဝန်ကြီး တိုက်တွန်း
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ