ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်(၂)ခုတွင် မြန်မာနိုင်ငံသား(၁၃)ဦး ဖမ်းဆီးခံခဲ့ရ
ကျော် (NSS) - ဒီဇင်ဘာ ၉
ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်(၂)ခုတွင် ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်)ညပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၁၃)ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကိုကူညီပေးနေသူများထံမှ သိရသည်။
ယမန်နေ့ညပိုင်းက နခေါစီထမ်မရတ်ခရိုင်မှတာဝန်ရှိသူများသည် ဘန်င်ခန်မြို့၊ လမ်နောင်ဝ်ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသူများမရှိစေရေးအတွက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်စဥ် ဘန်ကောက်နှင့်ရနောင်းသို့ပြေးဆွဲပေးနေ သည့် အဝေးပြေးခရီးသည်တင်ကားအား တားဆီးစစ်ဆေးရာ ကားမောင်းသူနားနေသည့်အခန်းအတွင်း၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့်ခရီးသည်ထိုင်ခုံတွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂ ဦး(စုစုပေါင်း ၇ ဦး)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင်လည်း ဂိတ်တာဝန်ရှိသူများက ယမန့်နေ့ညပိုင်းကပင် ပစ်ကပ်ကားတစ်စီးကိုစစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူသည်ကားကိုထားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ပစ်ကပ်ကားအားရှာဖွေစစ်ဆေးရာ ကားပေါ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံ သား(၆)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရေးဂိတ် (၂)ခုတွင်ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၁၃ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်၊ ည ၆ နာရီကျော်ခန့်ကလည်း ရနောင်းခရိုင်၊စုခ်စာမ်ရာမြို့၊နာခါ ကျေးရွာတွင် ပစ်ကပ်ကားပေါ်၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား(၇)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥမင်လိုဏ်ခေါင်းတွေကို ပင်လယ်ရေတွေ အသုံးပြုကာဖျက်ဆီးမယ့် အစ္စရေးရဲ့လုပ်ရပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းမျိုးဖြစ်လာနိုင်ကြောင်း ရုရှားအစိုးရသတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း