ဒေါ်လာ ၁၀ သန်းထီကို (၂)ကြိမ်တိုင်တိုင် ပေါက်ခဲ့တဲ့ ဝိန်းမူရေး
ရောင်နီ (NSS) - ဒီဇင်ဘာ ၉
အမေရိကန်မှာ ဝိန်းမူရေး အမည်ရှိ အမျိုးသားတစ်ဦးဟာ New York Lottery ရဲ့ 200X scratch-off game မှ Black Titanium scratch-off game မှာ (၂)ကြိမ်တိုင်တိုင် အမေရိကန်ဒေါ်လာ ၁၀ သန်းဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ အစိုးရအေဂျင်စီက ပြောပါတယ်။
မူရေးဟာ Titanium scratch-off game မှာ ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ ၁၀ သန်း မဲပေါက်ပြီးနောက် ၁၆ လအကြာ ယခုလအတွင်းမှာ ဒုတိယအကြိမ် မဲပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းဟာ ၂ ကြိမ်စလုံးအတွက် ပြိုင်ပွဲဝင် လက်မှတ်ကို ဘရွတ်ကလင်းရှိ H&A Gas & Convenience စတိုးတစ်ခုတည်းကနေပဲ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Titanium scratch-off game မှာအနိုင်ရဖို့ အခွင့်အလမ်းဟာ လူဦးရေ ၃ ဒသမ ၅ သန်းမှာ တစ်ခါသာဖြစ်ပြီး Black Titanium ကို အနိုင်ရဖို့ အလားအလာကတော့ လူဦးရေ ၃ ဒသမ ၆ သန်းမှာ တစ်ခါသာ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါဟာ မူရေးရဲ့ သာမာန်နဲ့မတူတဲ့ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသနေပါတယ်။
New York Lottery ရဲ့ Titanium scratch-off game အတွက် လက်မှတ်တွေဟာ ယခုဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား စာဖြေသံဃာ ၂၅၀ ပါး ဝင်ရောက်ဖြေဆို
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ