လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ ဂတ်စ်မီးဖိုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၇
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ ဂတ်စ်မီးဖိုမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မနောဖြူစင် ကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာရှိ၊ တိုက်အမှတ် (၁၆)၏ (၅)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တဲ့တိုက်ခန်းက (၅)လွှာမှာရှိတဲ့ အခန်းပါ။ ကျွန်တော်တို့သွားတော့ မီးကငြိမ်းသွားပြီ။ မီးစလောင်တာက မီးဖိုချောင်ထဲက ဂတ်စ်မီးဖိုကလို့ သိရတယ်”ဟု မနောဖြူစင်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ခန်းအတွင်းရှိ မျက်နှာကျက်များနှင့် ပစ္စည်းအချို့မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် မီးလောင်မှုအား မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက (၁၀)မိနစ်ခန့်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း