ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး ငါးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး ငါးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ ည ၆ နာရီခန့်က ဘားအံမြို့နယ်၊ ဖားပုကျေးရွာ၊ ဘုရားလေးစေတီဘေးရှိ ငါးကန်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေနစ်တဲ့ အမျိုးသားက အဲဒီငါးကန်ထဲမှ ရေဆင်းကူးရင်းနဲ့ နစ်တာပါ။ သူက အရက်တော့နည်းနည်းမူးနေတယ်ထင်တယ်။ Dead Body ကိုမိနစ်(၃၀)လောက်ရှာခဲ့ရတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် ဖားပုကျေးရွာတွင်နေထိုင်သည့် အသက်(၄၀)နှစ်ရှိ အမျိုသားတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ် ရေငုပ်ရှာဖွေ ရေးအဖွဲ့မှ ရေငုပ်ရှာဖွေ့ခဲ့ကြသဖြင့် ည ၉ နာရီခွဲအချိန်တွင် ရုပ်အလောင်းအား ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းမှ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ပင့်ဆောင်ရန် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း