YG Entertainment နဲ့ Blackpink အဖွဲ့ စာချုပ်သက်တမ်းတိုး
ရောင်နီ(NSS) - ဒီဇင်ဘာ ၆
တောင်ကိုရီးယား K-pop မိန်းကလေးအဖွဲ့ Blackpink နဲ့ မိခင်အေဂျင်စီ YG Entertainments ဟာ စာချုပ်ထပ်မံ ချုပ်ဆိုသက်တမ်းတိုးခဲ့ပြီး ကုမ္ပဏီရဲ့ရှယ်ယာတွေလည်း သုံးပုံတစ်ပုံနီးပါး ထိုးတက်လာခဲ့တယ်လို့ တောင်ကိုရီးယား YG Entertainment Inc မှ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
Blackpink ရဲ့ အဖွဲ့ဝင်အချို့ဟာ YG နဲ့ စာချုပ်ထပ်ချုပ်တော့မှာ မဟုတ်ဘူးလို့ လပေါင်းများစွာကြာအောင် ပရိသတ် တွေကြား ထင်ကြေးပေးမှုတွေ ရှိခဲ့တာပါ။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၆ ရက်) မှာတော့ "ခိုင်မာတဲ့ယုံကြည်မှုနဲ့ အတူ Blackpink နဲ့ အလေးအနက်ဆွေးနွေးပြီးနောက် အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ ပါတယ်" လို့ YG Entertainment မှ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie၊ Lisa၊ Jisoo နဲ့ Rose တို့ရဲ့တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက် သီးသန့်စာချုပ်ချုပ် ဆိုမှုတွေကတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ YG Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီစာချုပ်ကြောင့် YG Entertainment ရဲ့ ရှယ်ယာတွေ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
Blackpink ရဲ့ subscribers သန်း ၉ဝ ကျော်ရှိတဲ့ YouTube Music Channel ဟာ ယခုနှစ်အစောပိုင်းက ဂင်းနစ် စံချိန်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း Blackpink ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပေးမှု လုပ်ဆောင်ချက်အတွက် ဗြိတိန်ဘုရင် Charles III မှ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီကိစ္စနဲ့ ဒေါ်လာဖြေလျော့ခြင်း နောက်ဆက်တွဲ၊ ထုံမော်ကျွင်း မဟုတ်တော့တဲ့ ဟွာပန်း (ခေါ်) MNDAA ရဲ့ လောက်ကိုင်တိုက်ပွဲ၊ ကျော်သက်-ဇွဲ-အယ်ဆေးဝါးတို့အဖွဲ့ ကော့ကရိတ်မှာ အစည်းအဝေးလုပ် အကြံထုတ်နေ(၆-၁၂-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ