ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး ဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပွားခဲ့ပြီးနောက် ကားအောက်ကို ရောက်ရှိသွားသည့်အတွက် ပွဲချင်းပြီး သေဆုံး
ဂျန်ဇက် (NP
News) - မတ် ၁၂
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် မတ်လ ၁ဝ ရက်က Chong Nonsi ဒေသ Narathiwat Ratchanakarin လမ်းနားတွင် ဆိုင်ကယ်အက်ဆီးဒန့်ဖြစ်ပွားခဲ့ကာ တစ်ဖက်ခြမ်းမှလာသော ၆ ဘီးကားအောက်ကို ရောက်ရှိသွားသည့်အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မြန်မာအမျိုးသမီးသည် အသက် ၅ဝ အရွယ်ရှိ ဆိုင်ကယ်ကယ်ရီသမားကို ငှားရမ်းပြီး Chong Nonsi ဒေသမှ Sam Yan ဒေသသို့သွားရောက်ရန် လိုက်ပါလာခဲ့ပြီးနောက် လမ်းတွင် အက်ဆီးဒန့်ဖြစ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ၎င်းတို့ ဆိုင်ကယ်သည် ဆိုင်ကယ်ဘယ်ခြမ်းမှ မောင်းနှင်လာခဲ့ပြီး ဆိုင်ကယ် အက်ဆီဒန့် ဖြစ်ပွားချိန်တွင် မြန်မာအမျိုးသမီးသည် လွင့်ထွက်သွားပြီး၊ ကားလမ်းညာခြမ်းမှ မောင်းလာသော ကားအောက်ကို ရောက်ရှိသွားကာ ရုပ်ပျက်ဆင်းပျက်ပုံစံမျိုးဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်း Bang Phong Pang ရဲစခန်းမှ ရဲမှူးကြီး Hannarong Don Sawai က ပြောသည်။
သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် အသက် ၂၅ နှစ် နှင့် အသက် ၃ဝအရွယ်ကြားရှိပြီး သေဆုံးချိန်တွင် ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ချက်ချင်းမသိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးချိန်တွင် မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကိုစစ်ဆေးခဲ့ရာ စာရွက်စာတမ်းများ မတွေ့ရဘဲ ဖုန်းတစ်လုံး သာ တွေ့ရှိခဲ့ကြောင်း၊ ဖုန်းတွင် မှတ်ထားသော ဖုန်းနံပါတ်ကို ဆက်သွယ်ရာမှ မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသိရှိခဲ့ရပြီး ၎င်း၏ဆွေမျိုးများကို ဆက်သွယ်ကာ နာရေးအခမ်းအနားလုပ်ဆောင်ရန် နှင့် အလောင်း ပြန်ပေးရန် စီစဉ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
လက်ရှိအချိန်တွင် အသက် ၅ဝ အရွယ်ရှိ ဆိုင်ကယ်ကယ်ရီသမား Mr. Chinnakorn Nakpad နှင့် ၆ ဘီး ယာဥ်မောင်းနှင်သူတို့ကို ခေါ်ယူပြီး စစ်ဆေးလျက်ရှိနေသလို သေဆုံးခဲ့သော မြန်မာအမျိုးသမီးအတွက် လျော်ကြေး ပေးရန်ကိစ္စများကိုလည်း ဆွေးနွေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူငယ်ချင်း အချင်းချင်း စကားများရန်ဖြစ်ပြီးနောက် နေအိမ်အထိပါ ဓားဖြင့်လိုက်ခုတ်မှု ပြည်မြို့တွင် ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း