ကျော်ကြားမှုရဲ့အမှောင်ခြမ်းအကြောင်း ပြောပြလာတဲ့ ဝဲလ်စမစ်
ရောင်နီ (NSS) - ဒီဇင်ဘာ ၆
ဟောလိဝုဒ်ရဲ့ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ဝဲလ်စမစ် က ၎င်းရဲ့ကျော်ကြားမှုတွေဟာ ဘီလူးတစ်ကောင်နဲ့ တူလာတယ်လို့ festival တစ်ခုမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒါကို စမစ်က ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ Red Sea International Film Festival မှာ စနေနေ့ (ဒီဇင်ဘာ ၂ ရက်) က ပြောကြားခဲ့တာဖြစ်ပါတယ်။
“လူတိုင်းက မင်းအကြောင်း ကောင်းတာတွေပြောတဲ့အခါ မင်းစိတ်လှုပ်ရှားမယ်။ ဒါပေမယ့် လူတွေက မင်းမကောင်းကြောင်းတွေပြောတဲ့အခါ မင်းကို ပိုနာကျင်စေလိမ့်မယ်" "လောကကြီးထဲကို အကောင်းတွေပဲ ပေးချင်တယ်။ လူတွေကို ပြုံးရယ်စေချင်တယ်။ ဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် မြှပ်နှံထားချင်တယ်" လို့ စမစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အော်စကာဆုရှင်တစ်ဦးဖြစ်တဲ့ ဝဲလ်စမစ်ဟာ ၂ဝ၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာ လူရွှင်တော် ခရစ်ခ်ရော့ ကို စင်မြင့်ပေါ်မှာ ပါးရိုက်ခဲ့ပြီးနောက် ပြင်းပြင်းထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီအတွက် စမစ်ကလည်း သင်ခန်းစာရခဲ့ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Export လုပ်ကိုင်သူများက အနစ်နာခံ၍သော်လည်း Import သမားများက အကျိုးခံစားနေရသည့် ကိစ္စများကို ဖြေလျှော့ပေးရန် ကြိုးပမ်းနေကြောင်း ပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ