ခရစ္စတယ်ပဲလေ့စ်နှင့်ကစားမည့်ပွဲတွင် ရလဒ်ကောင်းများရယူရန် ရုန်းကန်ရနိုင်ဖွယ်ရှိနေဟု မန်စီးတီးနည်းပြပြော
Pika (NP News) - မတ် ၁၁
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် မတ်လ(၁၂)ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် မန်စီးတီးအသင်းသည် အမှတ်များရယူနိုင်ရန်အတွက် ရုန်းကန်ရနိုင်ဖွယ်ရှိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့ သည်။
ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်းသည် အဝေးကွင်းတွင် မန်စီးတီးအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ကွင်းတွင် သရေကျကာ လေးမှတ်ရယူနိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိ ပရီးမီးယားလိဂ်ရာသီတွင် မန်စီးတီးအသင်းသည် အိမ်ကွင်း၌ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄)ဂိုး၊ (၂)ဂိုးဖြင့် အနိုင်ရရှိကာ သုံးမှတ်ရယူနိုင်ထားခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် အမှတ်ပေးဇယား၌ နံပါတ်(၂)နေရာတွင်ရပ်တည်နေပြီး အာဆင်နယ်အသင်းနှင့် (၅)မှတ်သာကွာကြောင်းသိရသည်။
မန်စီးတီးနည်းပြဂွါဒီယိုလာက "ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားပွဲတိုင်းက အမြဲခက်ခဲပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းအိမ်ကွင်းမှာ ကစားရတာက ကျွန်တော်တို့အတွက် အမြဲတမ်းခက်ခဲခဲ့ပါတယ်။ အမြဲရုန်းကန်နေခဲ့ရတာပါ" ဟုပြောဆိုခဲ့သည်။
နယူးကာဆယ်အသင်းနှင့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော ဖိုဒန်ကို ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ထည့်သွင်းကစားသွားနိုင်ဖွယ်ရှိကြောင်းလည်း ဂွါဒီယိုလာက အတည်ပြုပြောဆိုခဲ့သည်။ Wilmslow မြို့ရှိဘား တစ်ခုတွင် မဖွယ်ဖရာလုပ်ခဲ့သည်ဆိုသည့်စွပ်စွဲချက်များကြောင့် Cheshire ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုခံနေရသော နောက်တန်းကစားသမား ကိုင်လီဝေါ်ကာကိုလည်း ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ထည့်သွင်းကစားသွားမည် ဖြစ်ကြောင်း ဂွါဒီယိုလာက ထပ်မံပြောဆိုခဲ့သည်။
zawgyi version
ခရစၥတယ္ပဲေလ့စ္ႏွင့္ကစားမည့္ပြဲတြင္ ရလဒ္ေကာင္းမ်ားရယူရန္ ႐ုန္းကန္ရႏိုင္ဖြယ္ရွိေနဟု မန္စီးတီးနည္းျပေျပာ
Pika (NP News) - မတ္ ၁၁
ခရစၥတယ္ပဲေလ့စ္အသင္းႏွင့္ မတ္လ(၁၂)ရက္တြင္ ကစားမည့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ မန္စီးတီးအသင္းသည္ အမွတ္မ်ားရယူႏိုင္ရန္အတြက္ ႐ုန္းကန္ရႏိုင္ဖြယ္ရွိေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။
ၿပီးခဲ့သည့္ႏွစ္ ပရီးမီးယားလိဂ္ရာသီတြင္ ခရစၥတယ္ပဲေလ့စ္အသင္းသည္ အေဝးကြင္းတြင္ မန္စီးတီးအသင္းကို (၂)ဂိုး၊ ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီး အိမ္ကြင္းတြင္ သေရက်ကာ ေလးမွတ္ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။ လက္ရွိ ပရီးမီးယားလိဂ္ရာသီတြင္ မန္စီးတီးအသင္းသည္ အိမ္ကြင္း၌ ခရစၥတယ္ပဲေလ့စ္အသင္းကို (၄)ဂိုး၊ (၂)ဂိုးျဖင့္ အႏိုင္ရရွိကာ သုံးမွတ္ရယူႏိုင္ထားခဲ့သည္။
မန္စီးတီးအသင္းသည္ လက္ရွိပရီးမီးယားလိဂ္ရာသီတြင္ အမွတ္ေပးဇယား၌ နံပါတ္(၂)ေနရာတြင္ရပ္တည္ေနၿပီး အာဆင္နယ္အသင္းႏွင့္ (၅)မွတ္သာကြာေၾကာင္းသိရသည္။
မန္စီးတီးနည္းျပဂြါဒီယိုလာက "ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကစားပြဲတိုင္းက အၿမဲခက္ခဲပါတယ္။ ခရစၥတယ္ပဲေလ့စ္ အသင္းအိမ္ကြင္းမွာ ကစားရတာက ကြၽန္ေတာ္တို႔အတြက္ အၿမဲတမ္းခက္ခဲခဲ့ပါတယ္။ အၿမဲ႐ုန္းကန္ေနခဲ့ရတာပါ" ဟုေျပာဆိုခဲ့သည္။
နယူးကာဆယ္အသင္းႏွင့္ပြဲတြင္ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ေသာ ဖိုဒန္ကို ခရစၥတယ္ပဲေလ့စ္အသင္းႏွင့္ပြဲတြင္ ထည့္သြင္းကစားသြားႏိုင္ဖြယ္ရွိေၾကာင္းလည္း ဂြါဒီယိုလာက အတည္ျပဳေျပာဆိုခဲ့သည္။ Wilmslow ၿမိဳ႕ရွိဘား တစ္ခုတြင္ မဖြယ္ဖရာလုပ္ခဲ့သည္ဆိုသည့္စြပ္စြဲခ်က္မ်ားေၾကာင့္ Cheshire ရဲတပ္ဖြဲ႕၏ စုံစမ္းစစ္ေဆးမႈခံေနရေသာ ေနာက္တန္းကစားသမား ကိုင္လီေဝၚကာကိုလည္း ခရစၥတယ္ပဲေလ့စ္အသင္းႏွင့္ပြဲတြင္ ထည့္သြင္းကစားသြားမည္ ျဖစ္ေၾကာင္း ဂြါဒီယိုလာက ထပ္မံေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဘုရင်၏ သမီးအငယ်ဆုံးကို တော်ဝင်တပ်ဖွဲ့တွင် ဗိုလ်ချုပ်အဖြစ် ခန့်အပ်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း