ကမ္ဘာ့စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးဈေးကွက်ကို အမေရိကန်ကုမ္ပဏီများသာ ဆက်လက်လွှမ်းမိုးချုပ်ကိုင်နေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
ကမ္ဘာ့လက်နက်ရောင်းဝယ်ရေးဈေးကွက်ကို အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေသာ အဓိက လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူးရှင်း (SIPRI) အဖွဲ့ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်းရှိ ထိပ်တန်းလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၁ဝဝ ရဲ့ လက်နက်ရောင်းချရမှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၅၉၇ ဘီလျံရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရောင်းချရမှုပမာဏာ နည်းပါးခဲ့ပေမယ့် အမေရိကန် ကုမ္ပဏီတွေက ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ကြောင်း (SIPRI) အဖွဲ့က ဖော်ပြထားပါတယ်။
ကမ္ဘာ့လက်နက်ဈေးကွက်အတွင်း စစ်လက်နက်ပစ္စည်းများ အများဆုံးရောင်းချရတဲ့ ကုမ္ပဏီတွေထဲမှာ အမေရိကန် ကုမ္ပဏီ ၄၂ ခု ပါဝင်နေပြီး၊ အဲဒီအမေရိကန်ကုမ္ပဏီအားလုံးရဲ့ရောင်းချရငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ဝ၂ ဘီလျံ ရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဥရောပအခြေစိုက်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၂၆ ခုရဲ့ ရောင်းချရတဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁၂၁ ဘီလျံရှိခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုတွေအပြင် ယူကရိန်းစစ်ပွဲ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်းမှာ စစ်လက်နက်ပစ္စည်းလိုအပ်ချက်များ မြင့်တက်လာခဲ့ပြီး ထုတ်လုပ်မှုတွေ ယခင်ထက် ပိုမိုလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားတဲ့ကာလအတွင်း အလုပ်သမားလိုအပ်ချက်နဲ့ ထောက်ပံ့ရေးကွင်းဆက် လိုအပ်ချက်တွေကြောင့် ကမ္ဘာ့စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေ ကျဆင်းခဲ့ကြောင်း အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အာရှတိုက် နဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံတွေရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ် ဝယ်ယူမှုတွေဟာ တိုးမြင့်လာနေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဟာ သတ်မှတ်ထားတဲ့အချိန်တိုအတွင်း လိုအပ်ချက်တွေကို အကောင်းဆုံးတုံ့ပြန်နိုင်စွမ်းကို ပြသနိုင်ခဲ့ကြောင်း (SIPRI) အဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး နှင့် စစ်ကိုင်းတို့မှ PDF အဖွဲ့ဝင်(၅)ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း