မန္တလေး နှင့် စစ်ကိုင်းတို့မှ PDF အဖွဲ့ဝင်(၅)ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
Pearl (NSS) - ဒီဇင်ဘာ ၅
မန္တလေးတိုင်း ၊ မြစ်ငယ်မြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစကက ထုတ်ပြန်ထားသည်။
ထိုသို့ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (ဒီဇင်ဘာလ ၄ ရက်)တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်းရှိ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား၌ PDF အဖွဲ့ဝင်(၅)ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် လက်လုပ်သေနတ် ၂ လက်၊ ၉ မမကျည် ၁၀ တောင့်၊ ကျည်အိမ် ၄ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက လက်လုပ်သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ် ၅ သိန်းနှုန်းဖြင့် လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုပါက နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများ နှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက လက်ခံပေးမည်ဖြစ်ကြောင်း နစကက သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေနစ်နေသည့်သူငယ်ချင်းကို ကယ်ဆယ်ရာမှ ဆယ်ကျော်သက်အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု တာချီလိတ်မြို့၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း