နိုင်ငံလှည့်ခရီးသွားနေတဲ့ အမေရိကန်စုံတွဲ
ရောင်နီ (NSS) - ဒီဇင်ဘာ ၅
ချဒ်နဲ့ ကိတ်ဘက်တယ်တို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့အိမ်မွေးဆိတ်ကလေး ဖရန်ကီ၊ Airstream ကားလေးတစ်စင်းနဲ့အတူ အမေရိကတစ်ဝန်းကို ခရီးထွက်နေကြတဲ့ ခရီးသွားတွေပဲဖြစ်ကြပါတယ်။
ကိတ်တို့မောင်နှံဟာ ဘားလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး ကိတ်ကတော့ နှစ်အတော်ကြာတဲ့အထိ အိမ်မွေးဆိတ်တစ်ကောင် ရဖို့ တောင့်တခဲ့တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တန်နန်ဆက်မှ သူငယ်ချင်းတစ်ဦးက ဆိတ်ကလေး ဖရန်ကီကို လက်ဆောင်ပေးခဲ့ပါတယ်။
အဲဒီနောက် ဖရန်ကီဟာ မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ သူတို့ရဲ့ ဘားကို ရောင်းလိုက်ကြပြီး 1976 Airstream Argosy တစ်ပတ်ရစ် ကားလေးဝယ်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ အိမ်ကို ပါရောင်းပြီး ကားကိုသာ အိမ်လုပ်ကာ အမေရိကန်အရှေ့ဘက်မှ အနောက်ဘက်ကမ်းရိုးတန်းထိ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ရဲ့အချစ်တော်ဖရန်ကီဟာလည်း ခရီးထွက်ရတာနှစ်သက်တဲ့ပုံစံရှိတာကြောင့် ပျော်ရွှင်ရ တယ်လို့ ၎င်းတို့က ဆိုပါတယ်။
အခုဆိုရင်တော့ ၎င်းတို့ဟာ အနည်းဆုံး ပြည်နယ် ၂၅ ခုနဲ့ မိုင် ၅ဝဝဝဝ ထိ ခရီးနှင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံ အနောက်တောင်၊ အနောက်အလယ်ပိုင်း၊ မွန်တာနာ၊ ဝေါမင်းနဲ့ အိုင်ဒါဟို သဲကန္တာရ စတဲ့နေရာတွေကို ခရီးနှင်ခဲ့ပြီး Instagram မှာ Follower ၂ဝဝဝဝ ကျော်ထိ ရရှိထားပြီပဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ အလားဘားမားမှာ ဝံပုလွေမျိုးစပ်တိရစ္ဆာန်တစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် (၃)လသားအရွယ် ကလေးတစ်ဦး သေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း