အမေရိကန်နိုင်ငံ၊ အလားဘားမားမှာ ဝံပုလွေမျိုးစပ်တိရစ္ဆာန်တစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် (၃)လသားအရွယ် ကလေးတစ်ဦး သေဆုံး
ရောင်နီ (NSS) - ဒီဇင်ဘာ ၅
အမေရိကန်နိုင်ငံ၊ အလားဘားမားမှာ အိမ်မွေးတိရစ္ဆာန် 'ဝံပုလွေမျိုးစပ်' ခွေးတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် ၃ လ သားကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ရဲအရာရှိရုံးက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ကြာသပတေးနေ့ (နိုဝင်ဘာ ၃ဝ ရက်) နေ့လည် ၁၂ နာရီ ၅၄ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို ဆေးရုံသို့ ပို့ဆာင်ခဲ့ပေမယ့် တိရစ္ဆာန်ကြောင့်လို့ယူဆရတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝံပုလွေမျိုးစပ်ခွေးဖြစ်ခြင်းကြောင့် အရိုင်းစိတ်ဝင်ကာ ကလေးကို ကိုက်ပစ်ခဲ့ခြင်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေးအရ တောင်းဆိုမှုကြောင့် ခွေးကို အခင်းဖြစ်ပွားရာနေရာမှာတင် သတ်ပစ်ခဲ့ပြီး အလာဘားမား ပြည်နယ် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကို ပို့ဆောင်ခဲ့ပါတယ်။
သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး အလောင်းကို ခွဲစိတ်စစ်ဆေးမှုပြုလုပ်မယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BBC-VOA-RFA တို့မှာ မြင်ရမှာမဟုတ်တဲ့ ဖုံးကွယ်ထားတဲ့ သတင်းတစ်ခု၊ လောက်ကိုင်နဲ့ ရှမ်းမြောက် အခြေအနေ၊ ကော့ကရိတ်ကို ဝင်စီးပြီးတဲ့နောက် သင်္ဃန်းညီနောင်နဲ့ မြဝတီကို တိုက်ဖို့ပြင်နေတဲ့ ကရင်ရောသမမွှေအဖွဲ့ (၄-၁၂-၂ဝ၂၃)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း